Home
မြန်မာသတင်း
ကလေးမြို့တွင် ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို စစ်ကောင်စီက ဆိုင်ကယ်အစီး ၁၂၀ ပေး
DVB
·
August 21, 2022
300635877_591253899309950_5789135987673822914_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့ကို  စစ်ကောင်စီတပ်က ဆိုင်ကယ်အစီး ၁၂၀ ထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ကလေးမြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) အောင်ဆန်းခန်းမမှာ ဩဂုတ် ၁၉ ရက်က အခမ်းအနားနဲ့ပေးခဲ့တာဖြစ်ပြီး ပေးတဲ့ဆိုင်ကယ်တွေကတော့ 125/110(ဒေသအခေါ်ရုပ်ဆိုး) ဆိုင်ကယ်အမျိုးအစားဖြစ်ကာ တောလမ်းရွာလမ်းတွေမှာပါ မောင်းနှင်အသုံးပြုနိုင်မယ့် ဆိုင်ကယ်တွေ ဖြစ်ပါတယ်။

"ဆိုင်ကယ်တွေပေးလိုက်ပြီဆိုကတည်းက သူတို့အရပ်ဝတ်တွေနဲ့ မြို့ထဲသွားတာတွေ ရွာတွေကိုအဝင်အထွက်လုပ်တာတွေ၊ သူတို့အရပ်ဝတ်တွေနဲ့လှည့်ဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီဆိုင်ကယ်တွေမှာ သူတို့တွေ လတ်တလောစစ်ကြောင်းထိုးတုန်းက ကျနော်တို့ စခန်းက ဆိုင်ကယ်တွေလည်းပါတယ်" လို့ ကလေး PDF တပ်ဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေကိုယ်စား အဖွဲ့ခေါင်းဆောင် သုံးယောက်ကို ဆိုင်ကယ်တွေပေးအပ်ခဲ့ပြီး တယောက်ချင်း အခက်အခဲတွေနဲ့ နယ်မြေဒေသအခြေအနေကို တင်ပြခဲ့ရာမှာ တင်ပြချက်တွေ အပေါ်စစ်ကောင်စီဘက်က တာဝန်ရှိသူတွေကဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း စစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024