DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ် မဒေါင်းလှရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF က ဒရုန်းဖြင့်တိုက်ခိုက်
DVB
·
August 21, 2022
ခင်ဦးမြို့နယ် မဒေါင်းလှရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF က ဒရုန်းဖြင့်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ မိနစ် ၃၀ လောက်ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကမြေပြင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ ဝေဟင်ကပါ ဗုံးချတိုက်ခိုက်ခဲ့တာလို့ Royal Tiger Guerrilla Force က ထုတ်ပြန်ပါတယ်။

Royal Tiger Guerrilla Force ရဲ့တာဝန်ရှိသူတယောက်က "အဲဒီရွာမှာ ပျူစောထီးတွေကို စစ်ကောင်စီတပ်ကစစ်သင်တန်းပေးနေတာ။ အဲဒီရွာက ဒေသခံပျူတွေရော တခြားရွာကပျူတွေကိုပါ စစ်ကောင်စီတပ်ကလတော်တော်ကြာတပ်စွဲပြီး စစ်သင်တန်းပေးနေတာပါ။ အဲဒါကြောင့် ဝင်တိုက်ရတာ။ တိုက်ပွဲအတွင်း မြေပြင်မှာ ပစ်ခတ်နေတုန်း ဝေဟင်ကပါ သူတို့မထင်မှတ်တဲ့အခြေနေမှာထိထိမိမိဗုံးချနိုင်ခဲ့တယ်။ ရန်သူ့ဘက်က အထိခိုက်အသေပျောက်များနိုင်ပေမယ့်အတိကျမသိရသေးဘူး " လို့ ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဘက်က လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ နွေဦးလင်းယုန်၊ ရောင်နီပြောက်ကျားနဲ့ မြို့နယ်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း ခင်ဦးမြို့နယ်မဒေါင်းလှကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကသင်တန်းပေးနေတဲ့ပျူစောထီးအဖွဲ့စခန်းကိုဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013