DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့က ကိုယ်ထူကိုယ်ထကျောင်းများ အခက်အခဲကြုံနေ
DVB
·
August 20, 2022
ပလက်ဝမြို့က ကိုယ်ထူကိုယ်ထကျောင်းများ အခက်အခဲကြုံနေ
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ကျေးရွာပေါင်း ၆၀ နဲ့ စစ်ရှောင်စခန်း ၁၀ ခုမှာ ကိုယ်ထူ ကိုယ်ထစနစ် အခြေခံပညာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပြီး တလအကြာမှာတော့ ဆရာ လစာအပြင် စာအုပ်စာတမ်းနဲ့ ကျောင်းသုံးပရိဘောဂတွေအတွက် ငွေကြေးအခက်အခဲတွေ ကြုံနေရတယ်လို့  Paletwa Township Education Board က ပြောပါတယ်။

ကျောင်းပညာရေးကာလကို ၆ လ သတ်မှတ်ထားပြီး  ကျောင်းသူ/ကျောင်းသား ၅၀၀၀ ကျော်ကို  လုပ်အားပေး ဆရာ/ဆရာမ ၁၆၀ က ပညာသင်ကြားနေပြီး လစာလို ထောက်ပံ့မှုမျိုး ပေးနိုင်ဖို့ ငွေကြေးခက်ခဲနေတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ဖွင့်တာက တလရှိပြီ။ အခက်အခဲကတော့ CDM ကျောင်းသားတွေကို သင်ပေးတဲ့ ဆရာ/ဆရာမလေးတွေကို လစာသဘောမျိုး ပေးတာ မဟုတ်ဘူး။  ထောက်ပံ့ချက်အနေနဲ့ လက်ဖက်ရည်ဖိုး လိုမျိုးပေးတဲ့အခါမှာ လူလွတ်ဆိုရင် ကိစ္စ မရှိဘူး။ အိမ်ထောင်ရှိတဲ့သူတွေကျ လုံလောက်မှု မရှိတဲ့အခါကျတော့  ကွန်ပလိန်းတက်တာမျိုး ရှိတယ်။ ဝင်ငွေက မရှိတဲ့အခါမှာကျတော့ သူတို့ ဆန္ဒကို မဖြည့်နိုင်တဲ့အခြေအနေရှိတယ်။” 

လတ်တလောမှာ လုပ်အားပေး ဆရာ/ဆရာမ တယောက်ကို ကျပ် ၁ သောင်းလောက် ထောက်ပံ့ ပေးနေပြီး  ဆက်လက် မထောက်ပံ့နိုင်ပါက ကျောင်းရပ်နားရမယ့် အခြေအနေကို ရောက်နေ တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါတင်မက  ကျောင်းသား/ကျောင်းသူတွေအတွက် လိုအပ်တဲ့ ပုံနှိပ်စာအုပ်၊ ကျောင်းသုံး စာအုပ်နဲ့စာရေးကိရိယာ မပြည့်စုံမှုတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

Paletwa Township Education Board တာဝန်ရှိသူက “ဖွင့်တာ တလပဲ ရှိသေးတယ်ဆိုတော့လေ ကျောင်းသား တယောက်ကို ၃ ထောင်နှုန်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု ဒီလဆို ဘတ်ဂျက်နည်းနေတဲ့အတွက် မထောက်ပံ့နိုင်တဲ့ နေရာလည်း ရှိသလို ထောက်ပံ့နိုင်တဲ့နေရာလည်း ရှိတယ်” လို့ ပြောပါတယ်။

ကျောင်းများအတွက် ပရိဘောဂ၊ ရုံးအသုံးအဆောင်ပစ္စည်း၊ စာရွက်စာတမ်းဝယ်ယူဖို့လည်း ငွေကြေး မတတ်နိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပ မိတ်ဆွေတွေအနေနဲ့ ပလက်ဝမြို့နယ်ရဲ့ ပညာရေး ကဏ္ဍအတွက် မိမိတို့တက်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးကြဖို့ Paletwa Township Education Board က အလှူခံပါတယ်။ 

ပလက်ဝမြို့နယ်အတွင်း အထက်တန်းအဆင့်မှာ ထခွဲ ၂၂ ကျောင်း၊ အထကကျောင်းက ၁၆ ကျောင်း စုစုပေါင်း  ၃၈ ကျောင်း ရှိပြီး  အထက်တန်းကျောင်းက  ၆ ကျောင်းနဲ့ ထခွဲက ၇ ကျောင်း ဖွင့်လှစ်ထားပါတယ်။

ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်ရှောင် နေတဲ့အတွက် တချို့ကျေးရွာတွေမှာ လူ မရှိတာ၊ သွားလာရ ခက်ခဲတာတွေကြောင့် ကျောင်းတွေ  မဖွင့်နိုင်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013