DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် "မောင်တို့နဲ့အတူ UG အတွက် သိန်း ၁၀၀ ကူ" ကမ်ပိန်းတွင် အားလုံးပါ ဝင်နိုင်ရန် နှိုးဆော်
DVB
·
August 20, 2022
တော်လှန်ရေးအတွက် "မောင်တို့နဲ့အတူ UG အတွက် သိန်း ၁၀၀ ကူ" ကမ်ပိန်းတွင် အားလုံးပါ ဝင်နိုင်ရန် နှိုးဆော်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် "မောင်တို့နဲ့အတူ UG အတွက် သိန်း ၁၀၀ ကူ" ကမ်ပိန်းမှာ အားလုံးပါဝင်နိုင်ဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။

“အားလုံးသိကြတဲ့အတိုင်း ကျုပ်တို့ UG ​တွေ အဖမ်းခံရ၊ မတရားသဖြင့် သတ်ခံရတာ​တွေ ဆက်တိုက်ဖြစ်လာ​နေပါပြီ။ ကျန်ခဲ့တဲ့ UG  ရဲ​ဘော်​တွေဟာလည်း အန္တရာယ်များစွာကြား၊ အခက်အခဲများစွာကြားက​နေ ဆက်လက်​တော်လှန်​နေကြရတာပါ။ ယခင် UG များစွာ ဖမ်းဆီးခံလိုက်ရမှုမှာ ရှိပြီးသား ပစ္စည်းများပါသွားခြင်း၊ မြို့ပြရဲ့တင်းကြပ်လာမှု​တွေ​ကြောင့် ​နေထိုင်ရခက်ခဲလာခြင်း အစရှိတဲ့ အခက်အခဲမျိုးစုံ​ကြောင့် ပွဲဆက်ကမယ့် UG  ​တွေအတွက် လက် နက် ပစ္စည်းများမှ စပြီး ​နေထိုင်စရာ အခက်အခဲ​ပေါင်းစုံရှိ​နေပါတယ်ဗျ။ ဒါ​ကြောင့် မြို့ပြမှာ UG  ​တွေ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် ကျွန်​တော်တို့ရဲ့ "UG  အတွက် သိန်းတစ်ရာ" ပ​ရောဂျက်မှာ ပါဝင်အားဖြည့်​ပေးကြဖို့ ​တောင်းဆိုပါတယ်။”လို့ ကမ်ပိန်းစီစဉ်သူ စောတင်မောင်က ရေးသားမျှဝေထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအ ဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

“​​ဖောက် ခွဲ​ ​ရေး ပြုလုပ်ဖို့/ Mission လုပ်ဖို့ ပစ္စည်း​တွေ မှာယူရတဲ့အခါ ​ဒေါ်လာ​စျေး​၊ ဘတ်​စျေး​တွေ တက်​နေတဲ့အတွက် ပစ္စည်းစရိတ်၊ သယ်ယူပို့​ဆောင်စရိတ်လည်း ယခင်ကထက် ပို​စျေးကြီး​နေပါတယ်။ ဒါ့အပြင် မြို့​ပေါ်မှာ Safe House ငှားရ၊ ​နေထိုင်ရ လုံခြုံမှုမရှိ​တော့တဲ့အတွက် နီးစပ်ရာ မြို့နယ်​တွေမှာ ​​ပြောင်း​ရွေ့​နေထိုင်ပြီး Mission လုပ်ချိန်လာ၊ Mission ပြီး ပြန်​​ပြေးရသည့်အတွက် လမ်းစရိတ်​တွေပါ အပိုကုန်လာပါ တယ်။ ကျွန်​တော်တို့ ​ထောက်ပို့လုပ်​ပေး​နေတဲ့ UG ​တွေ တစ်ဖွဲ့ ၊ နှစ်ဖွဲ့မကပါဘူး။ လက်လှမ်းမှီသ​လောက် ပွဲက​နေတဲ့ UG  ​တွေကို ​ထောက်ပို့လုပ်​ပေးဖို့ရာ သိန်းတစ်ရာ ဆိုတာ လုံ​လောက်တယ်ဆိုရုံပဲ ရှိတဲ့ ပမာဏပါ။ အဘက်ဘက် ကြပ်တည်းမှု​ပေါင်းစုံကြားက​နေ ကြံ့ကြံ့ခံပွဲက​နေတဲ့ UG ​တွေကို ကူညီဖို့၊ UG ​တွေ မတရားသဖြင့်ဖမ်းဆီးခံရတာ​တွေ၊ ​ရှောင်တိမ်းဖို့ မမှီလို့ အဖမ်းခံရတာ​တွေ မဖြစ်​တော့ဖို့အတွက် အား လုံးအတူလက်တွဲပြီး ဒီပ​ရောဂျက်​လေးကို ပါဝင်အားဖြည့်ကြရ​အောင်။ ဆို​တော့ ​ထောက်ပို့ကြပါ၊ ကူ​ပေးကြပါ။ သိန်း ၁၀၀ ရတဲ့အထိ တတ်နိုင်သ​လောက်ပါဝင်​ပေးကြပါဗျာ။”

ပြီးခဲ့တဲ့ မေလတုန်းကလည်း မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးကို ကံစမ်းဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ငွေကျပ်သိန်း ၃၀၀ ကျော်ထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013