DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 20, 2022
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ထီးချိုင့်ကနေ အင်းတော်ဘက်ခြေလျင်ထွက်ခွာလာစဉ် ဆင်မတောင်အနီးမှာ  ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေက  ကနဦး မိုင်းသုံးလုံးနဲ့ ဖောက်ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်ဒေသကာကွယ်တပ် Indaw Revolation - IR ရဲ့ ပြန်ကြားရေးတာဝန်ခံက  "ဆင်မတောင်ရောက်တော့ ပထမမိုင်း သုံးလုံးဆွဲလိုက်တယ်။ အဲ့ဒီအခါ အထိခိုက်ကတော့ရှိတယ်။ သေမသေတော့ မသိဘူး။ မိုင်းဆွဲပြီး သူတို့ကိုဝင်ပစ်တာ အတိကျ နှစ်ယောက်သေတယ်။ မိုင်းဆွဲပြီး ဟန်ချက်ပျက်သွားတဲ့အချိန် ဝင်ပစ်တာပါ။ အပြန်လှန်ပစ်ခတ်မှုတွေ ဆက်ဖြစ်တယ်။ ကျနော်တို့တပ်ဖွဲ့တွေအားလုံးတော့ အထိခိုက်မရှိခဲ့ပါဘူး " လို့ ပြောပါတယ်။

တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ကာ ထီးချိုင့်မြို့နယ်ဘက် ပြန်လည်ဆုတ်ခွာသွားကြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ၊ ထီးချိုင့်နဲ့ အင်းတော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ညပိုင်း ၉ နာရီလောက်မှာလည်း အင်းတော်မြို့နယ် နံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က အနီးဝန်းကျင်ရှိ တောထဲကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၆ ရက်ကလည်း အင်းတော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်  နဘားတန်ပိုဂိတ်ကို  ကေအိုင်အေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ  ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013