DVB Logo
Home
မြန်မာသတင်း
ကသာမှ စစ်သင်္ဘော ၆ စီး ထွက်ခွာလာသဖြင့် ဒေသခံများအား မြို့လှ PDF သတိပေး
DVB
·
August 18, 2022
ကသာမှ စစ်သင်္ဘော ၆ စီး ထွက်ခွာလာသဖြင့် ဒေသခံများအား မြို့လှ PDF သတိပေး
Donate to DVB

စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ ရိက္ခာတင် စစ်သင်္ဘော ၆ စီး ဩဂုတ် ၁၈ ရက် မနက် ၉ နာရီခွဲလောက်က ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာနေတာကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာဒေသခံတွေ သတိနဲ့ နေထိုင်သွားလာကြဖို့ မြို့လှ PDF က ထုတ်ပြန်ထားပါတယ်။

စစ်သင်္ဘောတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နိုင်ဖွယ် ရှိတာကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိကျေးရွာတွေ သတိနဲ့ နေထိုင်သွားလာကြဖို့ အသိပေး နှိုးဆော်ထားတာပါ။

အဆိုပါ ရိက္ခာတင်စစ်သင်္ဘော ၆ စီးကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတွေနဲ့ ဝေဟင်မှ လုံခြုံရေး ယူပေးပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတယ်လို့ Kachin News group ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ရဟတ်ယာဉ်တစီးဟာ မြစ်ကြောင်းတလျှောက် အနိမ့်ပိုင်းကနေ ဝဲပျံသန်းလိုက်ပါနေပြီး ဂျက်လေယာဉ်တစီးကလည်း မန္တလေးဘက်မှ တက်လာကာ မြစ်ကြောင်းတလျှောက် တက်လိုက်ဆင်းလိုက် လုပ်နေတယ်လို့ Kachin News group က ဖော်ပြပါတယ်။

အဆိုပါ စစ်သင်္ဘော ၆ စီးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က မန္တလေးကနေ စစ်အင်အား အနည်းငယ်နဲ့ ရိက္ခာတင် ဆန်တက်လာတာလို့ ဆိုပါတယ်။

ဩဂုတ် ၁၁ ရက်က ကသာမြို့အဝင်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော ၆ စီးအနက် တစီး လက်နက်ကြီး အနည်းငယ် ထိမှန်ကာ ကသာဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ရတယ်လို့ Kachin News group ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ဩဂုတ် ၁၂ ရက်နေ့က ရွှေကူမြို့နယ်၊ မိုးစစ်ရွာနဲ့ ရေလဲရွာကြားမှာ မြို့လှ KPDF တပ်ဖွဲ့နဲ့ ခလရ ၁၀၊ ခမရ ၄၁၅ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၇၄ ‌ယောက်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရိက္ခာတင်စစ်သင်္ဘောကို လုံခြုံရေးယူဖို့အတွက် ရေလဲရွာမှ မိုးစစ်ရွာဘက်ကို ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲ တပ်ဖြန့်လာစဉ်မှာ မြို့လှ KPDF နဲ့ အရန်အင်အား ပူးပေါင်းအဖွဲ့တို့က မိုးစစ်ရွာ သင်္ချိုင်းအဝင်နားမှာ မိုင်း ၄ လုံး၊ မိုင်တဲ မမ ရှေ့ထွက်မိုင်းတို့နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက် ဒဏ်ရာရရှိကာ အသေပျောက်လည်း ရှိခဲ့တယ်လို့ မြို့လှ PDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013