DVB Logo
Home
မြန်မာသတင်း
ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးခန့်သေဆုံး
DVB
·
August 18, 2022
ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးခန့်သေဆုံး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆို၊ ကုန်းသာကျေးရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဩဂုတ် ၁၇ ရက် ညပိုင်းက ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက်လောက် သေဆုံးနိုင်တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ဩဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီခွဲကနေ ၆ နာရီခွဲအထိ နှစ်နာရီကြာ ဒီးမော့ဆို၊ ကုန်းသာကျေးရွာမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း Kareni Revolution Union-KRU နဲ့ မဟာမိတ် DMO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆ ယောက်ခန့် သေဆုံးကာ ဒဏ်ရာရသူတွေ ရှိခဲ့ပြီး KRU မှ ရဲဘော်တယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်တလုံး မီးရှို့ခဲ့ပြီး လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ စက်လက်နက်တွေနဲ့ မနားတမ်း ပစ်ခတ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှလည်း 81MM စတဲ့ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ် ခုခံနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဒီးမောဆိုမြို့နယ်ကို စစ်အင်အား လက်နက်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ဩဂုတ် ၁၄ ရက်ကတည်းက ပြင်ဆင်နေတာလို့ DMO PDF ကနေ သိရပါတယ်။

စစ်ရေးအခြေအနေဟာ ဩဂုတ် ၁၄ ရက်ကတည်းက တင်းမာနေခဲ့ပြီး ဒီးမောဆိုနယ်မြေကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ ယူဆရကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုမြို့နယ် (DMO PDF) သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) အနေနဲ့ လက်ရှိတိုက်ပွဲတွေမှာ နောက်မဆုတ်တမ်း ခုခံတိုက်ထုတ်လျက်ရှိကြောင်း ပြည်သူတွေကို သတင်းကောင်းပါးပြီး လက်နက်၊ ကျည်ဆန်တွေ လှူဒါန်းလိုပါက page ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ KRU က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013