DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ် ကွန်တောင်းရွာအနီး ခရီးသည်တင်ယာဉ်တစီး ဓားပြတိုက်ခံရ
DVB
·
August 18, 2022
တမူးမြို့နယ် ကွန်တောင်းရွာအနီး ခရီးသည်တင်ယာဉ်တစီး ဓားပြတိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အထက်ကဘော်ဒေသကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တစီး ကွန်တောင်းရွာအနီးမှာ ဩဂုတ် ၁၇ ရက်နေ့က ဓားပြတိုက် လုယက်ခံခဲ့ရတယ်လို့ ယာဉ်ပေါ်ပါ ခရီးသည်တွေက ပြောပါတယ်။

“သူတို့က လက်နက်တွေနဲ့ ကားကိုတားပြီး အရပ်ခိုင်းတယ်။ ကျနော်တို့က စစ်ဆေးမေးမြန်းရုံပဲလို့ ထင်နေတာ။ နောက်ပိုင်း ကားပေါ်က ဒီဇယ်ပီပါ ၃ လုံးချယူတယ်။ အဲလိုယူပြီးတော့ ဘယ်ရွာမီးလင်းရေးမှာ အသုံးပြုဖို့ ယူတာတွေ၊ ဘာတွေပြောတယ်။ ပိုင်ရှင်ခွင့်ပြုချက် မပေးဘဲ အတင်းအဓမ္မ ပစ္စည်းချယူတာကတော့ ဓားပြတိုက်ယူတာပဲ” လို့ ခရီးသည်တယောက်က ပြောပါတယ်။

တမူးခရိုင်၊ တမူးမြို့ဟာ အိန္နိယနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိတဲ့မြို့ဖြစ်တယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။

တမူး‌ဒေသခံ ကိုရောဘတ်က “ကျနော်တို့ ဒေသခံတွေ‌ ဒီအချိန်မှာ ဘယ်သွားသွား အကြောက်တရားနဲ့ ဖြစ်နေရတယ်။ ဟိုတလောကလည်း ပျူစောထီးတွေက ကွမ်းသီးကားနှစ်စီးကို ဖမ်းပြီး ကားတစီးကို ကျပ်သိန်း ၅၀ နဲ့ အရွေးခိုင်းတယ်။ သူတို့သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လာမရွေးခဲ့ဘူးဆိုရင် ကားပေါ်မှာပါတဲ့ပစ္စည်းနဲ့ ကားရော မီးရှို့ဖျက်ဆီးမယ်။ ကားသမားနဲ့ တခြား ကားပေါ်မှာပါတဲ့ လူတွေရဲ့အသက်ကို အာမ မခံဘူးလို့ ခြိမ်းခြောက် ငွေတောင်းတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

အခုလို အကြမ်းဖက် ပစ္စည်းလု၊ ခြိမ်းခြောက်၊ ငွေတောင်းတာတွေကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကို ထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

တမူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်အပြင် ပျူစောထီး၊ ရှမ်းနီ၊ ကသဲ စတဲ့ အဖွဲ့အစည်းအများစုက ပေါ်ပေါ်တင်တင် လုယက် ဆက်ကြေးတောင်းတာတွေ လုပ်ကိုင်တဲ့ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ တမူး PDF တပ်ရင်းခေါင်းဆောင်တယောက်က “ဒီလို လုယက်တာက ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF မှန်ရင် ဒါမျိုးအလုပ်ကို ဘယ်တော့မှ မလုပ်ဘူးဗျ။ ဒါက စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းလည်း ဖြစ်နိုင်သလို တခြား ပြည်သူလုထုဘက်က ရပ်တည်မပေးတဲ့ တခြားအဖွဲ့အစည်းတွေလည်း ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း တမူးအထက်ပိုင်း၊ သနန်ကျေးရွာနေ ကိုထန်ခန့်ဆွန် ဆိုသူကို ပျူစောထီးတွေက ဖမ်းသွားတယ်။ ဒီနေ့အထိ ဘယ်နေရာမှာထားတယ် ဆိုတာလည်း မသိရတော့ မိသားစုဝင်တွေကတော့ မျက်ရည်နဲ့ မျက်ခွက်ပါပဲဗျာ” လို့ ပြောပါတယ်။

တမူးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်းကလည်း အိန္ဒိယနိုင်ငံသားနှစ်ယောက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013