DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် ရွာသားတဦး အသတ်ခံရပြီး တပတ်ခန့်အကြာမှ အလောင်းတွေ့
DVB
·
August 18, 2022
လောင်းလုံးတွင် ရွာသားတဦး အသတ်ခံရပြီး တပတ်ခန့်အကြာမှ အလောင်းတွေ့
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ​ရဲစခန်းက ခေါ်ခိုင်းတယ်ဆိုလို့ လိုက်သွားတဲ့ အမျိုးသားတယောက် အသတ်ခံရပြီး အလောင်းကို ဥယျာဥ်ခြံတခုထဲမှာ တွေ့ရှိရတယ်လို့ ရွာခံတွေက ပြောပါတယ်။

အသတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် ဦးမင်းဇော်ဆိုသူဖြစ်ပြီး ဇူလိုင် ၂၆ ရက် မနက် ၁၀ နာရီလောက်က အမည်မသိ လက်နက်ကိုင်နှစ်ယောက် နေအိမ်ကို ဆိုင်ကယ်နဲ့ရောက်လာကာ စစ်ဆေးစရာရှိတဲ့အတွက် ရဲစခန်းကို ခဏလိုက်ခဲ့ဖို့ ခေါ်ဆောင်သွားတာလို့လည်း သိရပါတယ်။

အဲလိုခေါ်သွားပြီး တပတ်လောက်အကြာမှ ပုပ်ပွနေတဲ့ ရုပ်အလောင်းကို ဥယျာဥ်ခြံတခုထဲမှာ တွေ့ရှိရတာဖြစ်ပြီး အနီးကပ်မကြည့်ရတဲ့အပြင် ပုပ်ပွနေပြီဖြစ်တဲ့အတွက် ဘယ်လိုအသတ်ခံထားရတာလဲဆိုတာ မသိရဘူးလို့ ရွာခံတဦးက ပြောပါတယ်။

ပညစ်ရွာခံတွေကတော့ ဦးမင်းဇော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီ သတင်းပေး လုပ်လို့ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ပြောကြပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Dawei Defense Team_DDT တပ်ခွဲ(၃) နဲ့ Dawei Guerrilla Revolutionary Force (DGRF) တို့ကလည်း အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013