DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မျဥ်းအနီးတွင် စစ်ကောင်စီတပ်နှင့် အေအေ တိုက်ပွဲပြင်းထန်
DVB
·
August 17, 2022
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မျဥ်းအနီးတွင် စစ်ကောင်စီတပ်နှင့် အေအေ တိုက်ပွဲပြင်းထန်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မျဥ်း Zero Line အနီးမှာ သြဂုတ် ၁၇ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေကြပေမဲ့ ဒီနေ့တိုက်ပွဲကတော့ Zero line အနီးမှာ ရှေ့ဆိုင်တိုက်နေကြတာ။ အတော်လေးကြမ်းနေတယ်လို့သိရတယ်။”လို့ မောင်တောဒေသခံ တဦးက ပြောပါတယ်။

သြဂုတ် ၁၆ ရက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၅ က ရဟတ်ယာဥ်တွေနဲ့ လက်နက်ခဲယမ်းတွေ တောင်ပြိုလက်ယာဗျူဟာကို တင်ပို့ခဲ့ပြီး ဒီနေ့မှာတော့ တောင်ပြိုဗျူဟာကနေ ဝေလာတောင်ကြောကို လက်နက်ကြီးနဲံ အဆက်မပြတ် ပစ်ခတ်ပေးနေကြောင်း မျက်မြင် တောင်ပြိုဒေသခံတဦးက ပြောပါတယ်။

“မနေ့က တောင်ပြိုဗျူဟာကို ရဟတ်ယာဥ်နဲ့ လက်နက်အင်အား နှစ်ကြိမ်လာပို့တယ်။ ဒီနေ့မှာတော့ ဝေလာတောင်ကြောဘက်ကို မနက်ကတည်းက လက်နက်ကြီးပစ်နေတာ တွေ့ရတယ်။”

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ Zero line မှာ စစ်ရဟတ်ယာဥ်တွေနဲ့ အင်အားတိုးချနေကာ မြေပြင်အနေအထားအရ စစ်ကောင်စီတပ်တွေ မောင်တောမြောက်ပိုင်း ကျေးရွာတွေက နယ်ခြားစောင့်စခန်းတွေမှာ တပ်အင်အားဖြည့်တင်းထားပြီး စစ်တပ်ပါ နေရာချထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

မောင်တောတောင်ပိုင်းနဲ့ မြောက်ပိုင်းလမ်းတွေကို သြဂုတ် ၁၄ ရက်တည်းက လမ်းတွေပိတ်ထားပြီး စစ်ဆင်ရေးတခု ဆင်နွှဲနေကာ အေအေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေး၊ ထိုးစစ်တွေကို မိတ်ဘက်အဖွဲ့အစည်းတွေ၊ ညီနောင်မဟာမိတ်အဖွဲ့အစည်းတွေ၊ ရခိုင်ပြည်သူလူထု တရပ်လုံးနဲ့ ဟန်ချက်ညီညီ ပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမယ်လို့ တရားဝင် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013