DVB Logo
Home
မြန်မာသတင်း
ဒလတွင် စစ်ကောင်စီသတင်းပေး လူမိုက်အဖွဲ့ သေနတ်ပစ်ခံရပြီး ၃ ဦး ဒဏ်ရာရ
DVB
·
August 17, 2022
ဒလတွင် စစ်ကောင်စီသတင်းပေး လူမိုက်အဖွဲ့ သေနတ်ပစ်ခံရပြီး ၃ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်မြို့၊ ဒလမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုပြီး နာမည်ထွက်နေတဲ့ လူမိုက်အဖွဲ့ သြဂုတ် ၁၄ ရက် ညပိုင်းက သေနတ်နဲ့ပစ်ခံရတာကြောင့် သုံး‌ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဆရာစံလမ်းရှိ ဟိန်းကို လက်ဖက်ရည်ဆိုင်မှာ သြဂုတ် ၁၄ ရက် ည ၈ နာရီက စစ်ကောင်စီသတင်းပေး ခလေး(ခ)ကျော်ကျော်ဝင်းတို့အဖွဲ့ကို အမည်မသိ သေနတ်ကိုင်ဆောင်သူတွေက ပစ်ခတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“WY ရောင်းလိုက်၊ လူအငှားရိုက်ပေးလိုက်၊ စစ်တပ်ကို သတင်းပေးလိုက်နဲ့ သူတို့ သေနတ်နဲ့ အပစ်ခံရတော့ ရပ်ကွက်ထဲကသူတွေက ပျော်နေကြတာ ဝဋ်လည်တယ်ဆိုပြီး၊ မသေဘူးလို့ ကြားတယ်။”

ဟိန်းကို လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ခလေး(ခ)ကျော်ကျော်ဝင်းတို့အဖွဲ့ကို ဆိုင်ကယ်ဘေးတွဲနဲ့ အမည်မသိသူတွေက လာရောက်ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လူမိုက်ခေါင်းဆောင်ရယ်၊ သူ့တပည့်ရယ်၊ အမျိုးသမီးတဦးရယ် ထိတယ်။ အခု ဆေးရုံမှာပဲ။ အခြေအနေတော့ မကောင်းဘူး။ ဆေးရုံကဆင်းလာရင်တောင် ရပ်ကွက်ကို ရန်ရှာမယ်လို့ တပည့်တွေက ကြိမ်းနေတယ်။”

သေနတ်ပစ်ခတ်မှုကြောင့် ကျန်စစ်သားရပ်ကွက်နေ ခလေး(ခ)ကိုကျော်ကျော်ဝင်း၊ ကမာကဆစ်ရပ်ကွက်နေ ကိုမောင်မောင်(ခ)အသေးလေးနဲ့ မခိုင်သဇင်တို့ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ဒလမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဒလမှာ ဆိုင်ကယ်မစီးရတော့ ဘေးတွဲနဲ့ လာပစ်သွားတာ။ လူမိုက်တွေဆိုတော့ ရန်ငြိုးကြောင့် ပစ်တာလား၊ ဆေးကိစ္စနဲ့ ပစ်တာလားတော့ မသိဘူး။”

ပစ်ခတ်ခံရတဲ့ လူမိုက် ခလေး(ခ)ကျော်ကျော်ဝင်းဟာ စစ်ကောင်စီတပ်၊ ရဲတွေနဲ့ ပူးပေါင်းကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရာမှာ ကူညီပေးနေသူ ဖြစ်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လတ်တလော ဒလမြို့နယ်မှာ ပစ်ခတ်မှုတွေ မကြာခဏဖြစ်နေလို့ ဆိုင်ကယ်စီးခွင့် ပိတ်ထားတဲ့အပြင် သမ္ဗန်တွေကိုလည်း အချိန်နဲ့သာ ပြေးဆွဲခွင့်ပြုပြီး စစ်ကောင်စီတပ်တွေက အမြဲတစေ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013