DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့တွင် အသက် ၇၀ ကျော် အဘိုးအို ၁ ဦးကို စစ်ကောင်စီဖမ်းဆီးပြီး နေအိမ်ချိပ်ပိတ်
DVB
·
August 17, 2022
မြို့သစ်မြို့တွင် အသက် ၇၀ ကျော် အဘိုးအို ၁ ဦးကို စစ်ကောင်စီဖမ်းဆီးပြီး နေအိမ်ချိပ်ပိတ်
Donate to DVB

မကွေးတိုင်း၊ မြို့သစ်မြို့မှာ သြဂုတ် ၁၅ ရက် ညနေပိုင်းက အသက် ၇၀ ကျော်အရွယ် အဘိုးအိုတယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးသွားပြီး သူပိုင်ဆိုင်တဲ့ နေအိမ်တလုံးနဲ့ ခြံတခြံကိုလည်း ချိပ်ပိတ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက်က အသက် ၇၄ နှစ်အရွယ် ဦးတင်ရွှေကို သြဂုတ် ၁၅ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ မြိုသစ်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)တွေက ဦးတင်ရွှေရဲ့ သားဖြစ်သူကို PDF လို့ စွပ်စွဲပြီး လာရှာကြတာဗျ။ သားကို မတွေ့တော့ ဖခင်ဖြစ်သူကို ဖမ်းသွားကြတာ။” 

ဖမ်းဆီးခံခဲ့ရတဲ့ ဦးတင်ရွှေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တ.စ.ည ပါတီကနေ ဝင်ရောက် အရွေးချယ်ခံခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတယောက်ဖြစ်သလို စီးပွားစီမံဌာနက လက်ထောက်ညွှန်ကြားရေးမှူးရာထူးနဲ့ အငြိမ်းစားယူထားသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ကို မြို့သစ်မြို့မရဲစခန်း စစ်ကြောရေး ပို့ဆောင်လိုက်တယ်လို့ သိရပြီး ဒီနေ့အချိန်ထိ မိသားစုနဲ့ တွေ့ဆုံခွင့်မပေးသေးဘဲ အသက်အရွယ်ကြီးပြီဖြစ်လို့ ကျန်းမာရေးအတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ​သြဂုတ် ၁၆ ရက်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၀၃၀ ယောက်ရှိပြီး အဲဒီထဲက ၁,၃၉၄ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သြဂုတ် ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013