DVB Logo
Home
မြန်မာသတင်း
ဖောင်းပြင်၌ စစ်ကောင်စီစစ်‌ကြောင်းနှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
DVB
·
August 17, 2022
ဖောင်းပြင်၌ စစ်ကောင်စီစစ်‌ကြောင်းနှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ နန်းပန်အုပ်စု နန်းပန်ကျေးရွာအနီး တောင်ကုန်း ပေါ်ရှိ ဖောင်းပြင် PDF နဲ့ ပကဖ ပူးပေါင်းထားတဲ့ ရှေ့တန်းစခန်းတခုမှာ ဖောင်းပြင်ဘက်မှ စစ်ကြောင်းထိုးလာ​တဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်တို့ ဩဂုတ် ၁၆ ရက် နေ့လယ်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ပါတယ်။

ဖောင်းပြင်မြို့နယ် PDF-ပကဖ ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက “စကစဘက်က ၆၀ မမ၊ ၈၁ မမ လက်နက်ကြီးပစ်ကူတွေနဲ့ ချီတက်လာကြတယ်။ ၆၀ မမ ကိုးချက်နဲ့ ၈၁ မမ နှစ်ချက် ပစ်အားကြောင့် မိုင်းဆွဲဖို့စောင့်နေတဲ့ ရဲဘော်တွေ နောက်ပြန်ဆုတ်ခဲ့ကြရတယ်။ မိုင်းကွင်းနဲ့ လွတ်လာပြီး အနီးရောက်လာ​​တဲ့ စကစတပ်သားတွေကို အသင့်နေရာယူထားတဲ့ PDF နဲ့ ပကဖ ရဲဘော်တွေက ၇၉ ဗုံးပစ်လောင်ချာ၊ လက်နက်ငယ်၊ လက်လုပ်တတောင့်ထိုး သေနတ်တွေနဲ့ အပြန်အလှန် မိနစ် ၂၀ ကျော်ကြာ ပစ်ခတ်ခဲ့ကြတယ်။ မိမိတို့ဘက်က ထိခိုက်မှု တစုံတရာ မရှိပါဘူး။ ရန်သူ စကစဘက်က တယောက်ကျဆုံးတာကို မြင်တွေ့ရတယ်။ ဒဏ်ရာရသူ အနည်းငယ်ရှိနိုင်တယ်။ ရန်သူ စကစတွေက သေဆုံးသူရဲ့အလောင်းကို ကောက်ယူပြီး ပြန်လည်ဆုတ်ခွာသွားကြတယ်” လို့ ပြောပါတယ်။

စကစ ထိုးစစ်အရှိန်လျော့အောင် PDF နဲ့ ပကဖ တပ်စိပ် ၂ စိပ်ဟာ မန်လီရွာက‌နေတဆင့် ချောင်းခွရွာ စာသင်ကျောင်းမှာ စခန်းချထားတဲ့ စကစနဲ့ ပျူစောထီးတွေကို ရွာနောက်ကျောဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဖောင်းပြင်မြို့နယ် PDF အဖွဲ့က ဆိုပါတယ်။

“ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး။ ရန်သူ စကစဘက်က ထိခိုက်ကျဆုံး သတင်းကို ​​လေ့လာစောင့်ကြည်နေပါတယ်။”

နှစ်ဖက်ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013