DVB Logo
Home
မြန်မာသတင်း
CDM ဗိုလ်ကြီး ၁ ဦး အပြင်းဖျားပြီး သေဆုံး
DVB
·
August 17, 2022
CDM ဗိုလ်ကြီး ၁ ဦး အပြင်းဖျားပြီး သေဆုံး
Donate to DVB

ပြည်သူလူထုကို မတရားဖိနှိပ်အုပ်ချုပ်သတ်ဖြတ်တဲ့ စစ်အာဏာရှင်လက်အောက်က ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ CDM ဗိုလ်ကြီး အောင်ဆန်းဖုန်ဟာ ဩဂုတ် ၁၆ ရက်က အပြင်းဖျားပြီး ရုတ်တရက် ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ဗိုလ်ကြီးအောင်ဆန်း‌ဖုန်က တပ်မဟာ-၈ ပြည်သူ့ရင်ခွင်စခန်းမှာ နေထိုင်သူဖြစ်ပါတယ်။ ပြည်သူ့စစ်သားပေါ့။ မနေ့က ရုတ်တရက်အဖျားကြီးပြီး ဆုံးသွားတယ်။ အဲ့မှာလည်း CDM ဆရာဝန်ကြီးတွေက သေချာဆေးကုပေးခဲ့ပေမဲ့ ဆုံးသွားတယ်။ သမိုင်းမှတ်တိုင်မှာ ဖော်ပြခြင်းခံရသူဖြစ်တယ်။”

လက်ရှိ ရှေ့တန်းရောက်နေသူ CDM စစ်‌ဗိုလ်တယောက်က “သူနဲ့ကျနော်က အပတ်စဉ် အတူတူ စစ်သင်တန်းယူခဲ့ကြတယ်။ ရဝမ်လူမျိုး ၂ ယောက် မုန့် ၁ လုံးကို ခွဲစားခဲ့ကြတယ်။ ကျနော်က အရင် CDM ဝင်ခဲ့ပြီးနောက် သူလည်း ပြည်သူ့ဘက်ရပ်တည်လာလို့ အရမ်းဝမ်းသာခဲ့တာပါ။ သူ့သတင်းကြားရတာ စိတ်မကောင်း ဝမ်းနည်းမိတယ်” လို့ ပြောပါတယ်။

ကိုယ်ကျိုးစွန့်ပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့သူ ကြည်း/၇၀၄၃၈ ဗိုလ်ကြီး အောင်ဆန်းဖုန်ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက CDM ဝင်ခဲ့သူဖြစ်ပြီး စခန်းတနေရာမှာ အပြင်းဖျားကာ သေဆုံးခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013