DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် မိုင်းလုံးရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဗုံးပေါက်ပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
August 16, 2022
လွိုင်ကော် မိုင်းလုံးရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဗုံးပေါက်ပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ဒီနေ့ သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီခွဲလောက် ဗုံးပေါက်ကွဲခဲ့ပြီး မြက်ရိတ်သူ တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

မိုင်းလုံးရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း အငှားမြက်ရိတ်သူနှစ်ယောက် မြက်ရိတ်နေတုန်း ကျောင်းတန်းစီကွင်းထိပ်အရောက်မှာ ဗုံးပေါက်ပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

“လူနာတင်ယာဥ်တွေနဲ့ လာသယ်တာ တွေ့တယ်။ မြက်ရိတ်နေရင်း ဗုံးထပေါက်တာ။ တဦး သေတယ်၊ တဦး ဒဏ်ရာရတယ်” လို့ မြို့ခံက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဦးကယားမောင် သေဆုံးသွားပြီး ဒဏ်ရာရရှိသူ ဦးမီကေးလယ်ကိုတော့ လွိုင်ကော်ဆေးရုံမှာ ပို့ဆောင်ကုသထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“မြက်ရိတ်နေရင်း မြက်ရိတ်စက်က မပေါက်သေးတဲ့ ဗုံးသီးကို သွားထိတာ၊ အဲဒီမှာ ထပေါက်တာ။ ဦးကယားမောင်ကလည်း ချက်ချင်းမသေဘူး။ ဆေးရုံပို့ရင်း လမ်းမှာသေတာ။ ဦးမီကေးက ဆေးရုံမှာ။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေက မိုင်းလုံးရပ်ကွက် မူလတန်းကျောင်းအနီးတဝိုက်ကို ဗုံးရှိ၊ မရှိ ထပ်မံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013