DVB Logo
Home
မြန်မာသတင်း
တနှစ်အတွင်း နွေဦးထီက CDM ၁ သောင်းကျော်ကို ထောက်ပံ့နိုင်ခဲ့၊ မကြာမီ NUGPay စနစ်ဖြင့် ပြန်ဖွင့်မည်
DVB
·
August 16, 2022
တနှစ်အတွင်း နွေဦးထီက CDM ၁ သောင်းကျော်ကို ထောက်ပံ့နိုင်ခဲ့၊ မကြာမီ NUGPay စနစ်ဖြင့် ပြန်ဖွင့်မည်
Donate to DVB

အောင်လံလွှင့်ချီ နွေဦးထီဟာ မနေ့က ဩဂုတ် ၁၅ ရက်မှာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီကာလအတွင်းမှာ CDM သူရဲကောင်း ၁ သောင်းကျော်ကို ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပိုပြီးကောင်းမွန်လုံခြုံတဲ့ ဝန်ဆောင်မှုစနစ်ကို ပေးနိုင်ဖို့ နွေဦးထီကို ခေတ္တရပ်နားထားခဲ့တာဖြစ်ပြီး ၁ နှစ်ခရီးအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့၊ တော်လှန်ရေး အင်အားစုတွေအတွက် အလုံခြုံစိတ်အချရဆုံးဖြစ်တဲ့ NUGpay နဲ့အတူ ပုံစံအသစ်နဲ့ ပြန်လည်ရောင်းချသွားမှာလို့ ဆိုပါတယ်။

နိုင်ငံတကာက နွေဦးထီကိုယ်စားလှယ်တွေ ရောင်းချပေးနေတဲ့ နွေဦးထီ bulk purchase အစီအစဉ်ကိုတော့ မူလပုံစံအတိုင်းဆက်လက် ရောင်းချပေးနေမှာဖြစ်ကာ အောင်လံလွှင့်ချီနွေဦးထီကို စဉ်ဆက် မပြတ်အားပေးနေကြတဲ့ မိဘပြည်သူတဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး Blockchain အခြေပြု  ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့  “ဒစ်ဂျစ်တယ် မြန်မာကျပ်” (DMMK)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြည်သူတွေထံ တရားဝင်မိတ်ဆက်ပြီး ထုတ်ပြန်ခဲ့ပြီဖြစ်ကာ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ဟာ တရားဝင် ငွေကြေးတခုဖြင့် ကျောထောက်နောက်ခံပြုထားတဲ့ blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးတခု ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ NUGPay ဝန်ဆောင်မှုကို ပြည်တွင်း မြန်မာနိုင်ငံမှာသာမက ပြည်ပရောက်မြန်မာတွေ အများစုရှိတဲ့ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ UK ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ စတင် အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်တိုးချဲ့သွားဖို့လည်း ရှိ တယ်လို့ NUG အစိုးရက ပြောထားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

လတ်တလောအချိန်ထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ နွေဦးထီကံထူးရှင်တွေထဲက အများစုကတော့ သူတို့ရရှိတဲ့ ထီဆုကြေးငွေတွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာတွေလည်း ရှိခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင် ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013