DVB Logo
Home
မြန်မာသတင်း
ရေစင်ရေမန်းတော်ကြီး ဖြန့်ဖြူးရောင်းချလျှင် အရေးယူမည်ဟု FDA အသိပေး
DVB
·
August 15, 2022
ရေစင်ရေမန်းတော်ကြီး ဖြန့်ဖြူးရောင်းချလျှင် အရေးယူမည်ဟု FDA အသိပေး
Donate to DVB

တဘူး နှစ်သောင်းကျော်အထိ ပေးဝယ်သောက်နေရတဲ့ ရေစင်ရေမန်းတော်ကြီးကို ဆက်လက်ဖြန့်ဖြူးမရောင်းချဖို့နဲ့ ဆက်လက်ဖြန့်ချိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈ (က) အရ  အရေးယူသွားမယ်လို့ FDA က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်းက ပုံမှန်ထုတ်လုပ်ဖြန့်ချိနေတဲ့ ရေသန့်ဘူးတွေပေါ်မှာ ရေစင်ရေမန်းတော်ကြီး တံဆိပ်ကပ်ကာ  ၂၀၂၁ ခုနှစ် မေလမှစတင်ကာ ဈေးကွက်အတွင်း MLM အရောင်းကိုယ်စားလှယ်တွေ ရောင်းချခဲ့တာလို့ ရေသန့်လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခြားသူတွေ မှတ်ပုံတင်ပြီး အလုပ်လုပ်ရတာ၊ သူတို့က မှတ်ပုံတင်တာမရှိဘူး၊ ဒီရေသန့်ကပဲ တခုခုပြဿနာဖြစ်လာရင် ဖြန်ဖြူးရေးလုပ်နေသူတွေအားလုံး ဒုက္ခရောက်မယ်။” 

ရေသန့်ကို အဘရှိန်ရဲ့ ရေစင်ရေမန်းအဖြစ် ပြုပြင်ရောင်းချခဲ့တဲ့ စက်ရုံနဲ့ အာတီးယားလမ်းရှိ ရုံးချုပ်ကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ ရန်ကုန် FDA၊ မြို့နယ်စားသုံးသူရေးရာ၊ စည်ပင် နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက  ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီး ၂ လအကြာမှာ FDA က ခုလိုထုတ်ပြန်ခဲ့တာလို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်က နှစ်သောင်းနဲ့ရောင်းတယ်၊ ဖမ်းပြီးတော့ ပိုတောင်စျေးတက်သွားတယ်၊ နှစ်သောင်းနဲ့ နှစ်သောင်းခွဲဆိုပြီး အခုလည်း ခိုးပြီးဖြန့်နေတာတွေရှိတယ်။ အသင်းသားတွေရဲ့ပြောချက်အရ သိရတာ၊ တကယ်လို့ ဆက်ဖြန့်နေမယ်ဆိုရင် ဥပဒေအရ အရေးယူသွားမှာ။” 

ပုံမှန်ရေသန့်ကို ရေစင်ရေမန်းလို့ ဆိုကာ ဈေးကွက်အတွင်းရောင်းချခဲ့တဲ့  သောက်သုံးရေမှာ  အဏုဇီဝနဲ့ ဓာတုသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး သောက်သုံးရန် မသင့်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဖမ်းဆီးပြီး နှစ်လအကြာမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013