DVB Logo
Home
မြန်မာသတင်း
ဖရူဆိုနှင့်ရှားတောတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၀ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိ
DVB
·
August 15, 2022
ဖရူဆိုနှင့်ရှားတောတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၀ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီ ခမရ ၅၃၁ တပ်အင်အား ၁၅၀ လောက်ဟာ  ဖရူဆိုမြို့အရှေ့ခြမ်းဘက်ကို ထိုးစစ်ဆင်ရာမှာ ဩဂုတ် ၁၃ ရက်မနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၅ တို့ ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တာလို့ KNDF တပ်ရင်း ၁၅ က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ဩဂုတ် ၁၁ ရက်ကလည်း စစ်ကောင်စီတပ် အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းကနေ  ဖရူဆိုအရှေ့ဘက်ခြမ်းလာတဲ့ အင်အား ၃၀ ဝန်းကျင်လောက် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်ဘက်မှာလည်း ဩဂုတ် ၉ ရက်နေ့က ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ဩဂုတ် ၇ ရက်နေ့ ရှားတောဒေသအတွင်းက တငူးဆိုတပ်စခန်းကို ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း KNDF တပ်ရင်း ၁၇ က ထုတ်ပြန်ထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013