DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့နယ်၌ စစ်တပ်ထုတ်ကုန် SPEED အချိုရည်ဘူးများကို PDF ဖျက်ဆီး
DVB
·
August 15, 2022
ထားဝယ်မြို့နယ်၌ စစ်တပ်ထုတ်ကုန် SPEED အချိုရည်ဘူးများကို PDF ဖျက်ဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပိုင်း၊ (၂၅) မိုင်တောင်ထိပ်ရှိ မေတ္တာမြို့အဝင်ဆိုင်းဘုတ်အနီးမှာ စစ်တပ်ထုတ်ကုန် SPEED အချိုရည်ဘူးတွေကို ပြည်သူကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၃ ရက် မနက် ၁၀ နာရီလောက်က Eastern Defense Force – EDF နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်းအဖွဲ့ပြီး ခုလိုဖျက်ဆီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အဆိုပါနေရာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် ထားဝယ်-ထီးခီးလမ်းကို အသုံးပြုသွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို တားဆီးစစ်ဆေးရာမှာ စစ်ကောင်စီထုတ် SPEED အချိုရည်တွေတွေ့လို့ ဖျက်ဆီးခဲ့တယ်လို့ EDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“speedက ခွေးပစ္စည်းမို့လို့ပါ။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ဘယ်အရာမဆို အတတ်နိုင်ဆုံး မသုံးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ EDF တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အခုလိုမျိုး မလုပ်ချင်ပေမဲ့ စစ်တပ်ထုတ်ကုန်ဖြစ်လို့သာ မလွှဲသာလို့ လုပ်လိုက်ရတာဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ဇွန်လ ၉ ရက် ညနေ ၃ နာရီ ဝန်းကျင်ကလည်း ဝကုန်းကျေးရွာမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ထားဝယ်-ထီးခီးလမ်းကို အသုံးပြုသွားလာနေတဲ့ ကားတွေကို ရပ်ခိုင်းပြီးစစ်ဆေးနေစဉ် အိမ်စီးကားအဖြူရောင်စီးလာတဲ့ SB ရဲတပ်ဖွဲ့ဝင်ဟောင်း ညီညီသိန်းဆိုသူက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကြည်ဝင်းနဲ့ ပီပီလေးတို့ နှစ်ဦး ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013