DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်တွင် တောင်သူများအတွက် PDF ရဲဘော်များက ပျိုးနုတ် ၊ ကောက်စိုက်ကူညီပေး
DVB
·
August 14, 2022
ဆောမြို့နယ်တွင် တောင်သူများအတွက် PDF ရဲဘော်များက ပျိုးနုတ် ၊ ကောက်စိုက်ကူညီပေး
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်ကျောက်ထုဒေသမှာ ဩဂုတ် ၁၃ ရက်က ကျောက်ထု PDF(YRPA)ရဲ့ ရဲဘော်/ရဲမေတွေက ဒေသခံတောင်သူ လယ်သမားတွေကို ပျိုးနုတ်ကောက်စိုက်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ကျောက်ထု PDF ကနေသိရပါတယ်။

ပြည်သူက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်လို့ ပြည်သူတွေ အခက်ခဲဖြစ်နေတာကို ကူညီပေးတဲ့အနေနဲ့ ပျိုးနုတ်ကောက်စိုက်တာတွေ ကူညီလုပ်ဆောင်ပေးခဲ့ တာလို့ ကျောက်ထုPDFရဲ့ ပြန်ကြာရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ဒီဗွီဘီကို ပြောပါတယ်။

“စိုက်ပျိုးရေး အခြေနေကတော့ ဒီနှစ်က စစ်(…)တွေ စစ်ကြောင်းထိုးလို့ ပြေးရ လွှားရတာတွေရှိလို့ ခါတိုင်းနှစ်တွေထက်လျော့ကျသွားတယ်။ ဒါကြောင့်မို့ စစ်(…)တွေ စစ်ကြောင်းထိုးတဲ့ အချိန်မှာ ထွက်ပြေတိမ်းရှောင်နေရလို့ နောက်ကျကျန်နေခဲ့တဲ့ ပြည်သူတွေရဲ့လယ်ယာမြေတွေကို ရဲဘော်တွေနဲ့ အလှည့်ကျစနစ်နဲ့ ကူညီစိုက်ပျိုးပေးတာ။ ကျနော်တို့က အခကြေးငွေယူပြီး လိုက်ကူညီပေးတာမဟုတ်ဘူး။ တစ်ဦးက မေတ္တာ တစ်ဦးကစေတနာဖြစ်ပြီး တစ်နေကုန် စိုက်ပျိုးရတဲ့ နေ့တွေမှာတော့ ယာခင်းပိုင်ရှင်တွေက သူတို့ရဲ့ ရှိထမင်း၊ရှိဟင်းတွေကို ဧည့်ခံကျွေးမွေးလို့ စားသောက်ခဲ့တာတော့ရှိတယ်။”

သီးနှံအထွက်နှုန်းကတော့ ဒီနှစ်မှာလျော့ကျသွားပြီး ပြည်သူတွေအနေနဲ့ အရင်နှစ်တွေက စီပွားဖြစ်လုပ်ကိုင်ခဲ့ပေမဲ့ အခုနှစ်မှာတော့တစ်ခြားကိုရောင်းချဖို့ဆိုတာထက် ကိုယ်နယ်အတွင်း စားသုံဖို့နဲ့ ဝမ်းစာဖူလုံဖို့ အဓိကထားပြီးစိုက်ပျိုးကြတာလို့ ဆိုပါတယ်။

ဗိုလ်ရန်ကင်းက “စီးပွားဖြစ်လုပ်ရင်လည်း စစ်(…)တွေ စစ်ကြောင်းထိုးလာရင် မီးရှို့ဖျက်ဆီးတာခံကြရသလို  မြေဆီတွေဆိုရင်လည်း စစ်(..)တွေပိတ်ထား တဲလမ်းတွေကို ရှောင်ကွင်းပြီး သွားကြရလို့ မြေဆီဈေးနှုန်း အဆမတန်မြင့်တက်တယ်။ ဒါကြောင့်မို့ တောင်သူတွေအနေနဲ့ အရင်းနှီးများများထည့်ရမယ်သီးနှံတွေဆိုရင် သိပ်မစိုက်ကြတော့ဘူး”လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်အထိ နိုင်ငံတဝန်း နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူပေါင်း  ၇၈၃,၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင် ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013