DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟု လွဲမှားစွာ သုံးနှုန်းခဲ့သည့်အပေါ် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာပြည်သူများကို တောင်းပန်
DVB
·
August 13, 2022
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟု လွဲမှားစွာ သုံးနှုန်းခဲ့သည့်အပေါ် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာပြည်သူများကို တောင်းပန်
Donate to DVB

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ခုက အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်လို့ အမည်တပ် လိပ်မူခဲ့တဲ့ စာတစောင်နဲ့ ပတ်သက်လို့ Human Right Watch အဖွဲ့နဲ့ Amnesty International အဖွဲ့ကြီးက မြန်မာပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုတာ မဟုတ်ဘဲ စာမှားယွင်းပေးပို့မှုသာ ဖြစ်ကြောင်းနဲ့ အဖွဲ့ ၁၁ ဖွဲ့ရဲ့  သဘောထားမပါဘဲ စာပေးပို့ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး စာပေးပို့မှုကိုလည်း ပြန်လည်ရုပ်သိမ်းတယ်လို့ HRW က ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ကလည်း လွဲမှားစွာ ပေးပို့ခဲ့မိတဲ့ အဲဒီ စာနဲ့ပတ်သက်လို့ မြန်မာပြည်သူတွေကို ပြန်လည်တောင်းပန်းကြောင်းနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ ပညာရေးအသွင်ကူးပြောင်းမှုဆိုင်ရာညီလာခံ မတိုင်မီ ကလေးတိုင်း အရည်အသွေးမြင့် ပညာရေးသင်ကြားနိုင်ရေး အသိအမှတ်ပြုကြရန် နှိုးဆော်ထားတဲ့ စာတစ်စောင် မှာ နိုင်ငံတကာအဖွဲ့ ၁၂ ခုက နိုင်ငံတကာအစိုးရတွေဆီ ပေးပို့ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်သရေရှိ ဝန်ကြီးချုပ်ဟု အမည်တပ်ခဲ့တဲ့ စာတစောင်နဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့ ၃၈၆ ဖွဲ့က ကန့်ကွက်ကာ မြန်မာပြည်သူတွေကို တောင်းပန်ဖို့ တောင်းဆိုခဲ့တာပါ။

Amnesty International၊ Human Rights Watch၊ Save the Children စတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၁၂ ဖွဲ့က ဝန်ကြီးချုပ်လို့ သုံးနှုန်းခဲ့တဲ့အပေါ်  ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၃၈၆ ဖွဲ့က ကန့်ကွက်ခဲ့တာပါ။ 

စာကို ဦးဆောင်ပေးပို့ခဲ့တဲ့ HRW-Human Right Watch အဖွဲ့က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာအစိုးရ ၁၉၃ ခုကို စာပေး ပို့ခဲ့ခြင်းသာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုပါ စီမံခန့်ခွဲမှုဌာနပိုင်းက စာမှားယွင်း ပေးပို့ မိကြောင်း၊ စာမှားယွင်းပေးပို့မှုမှာ တခြားအဖွဲ့ ၁၁ ခုရဲ့ သဘောထားမပါဝင်ဘဲ ပေးပို့မိတဲ့အတွက် တောင်းပန်ပါကြောင်းနဲ့ စာကို ပြန်လည်ရုပ်သိမ်း ကြောင်း ကြေညာခဲ့ပါတယ်။ 

ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်း ၃၈၆ ဖွဲ့ရဲ့  ထုတ်ပြန်ချက်ထဲမှာ လူမဆန်တဲ့ တရားမဝင် အာဏာသိမ်းယူခဲ့တဲ့ မြန်မာစစ်တပ်ကို ခုခံတွန်းလှန်နေတဲ့ မြန်မာနိုင်ငံက အများပြည် သူတွေကို စော်ကားလိုက်တယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး လူပေါင်း ၁၂,၀၀၀ ကို ဖမ်းဆီးခဲ့ကာ ၂,၁၈၉ ယောက် သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီဟာ တရားဝင်အစိုးရ မဟုတ်သလို အစိုးရရဲ့ အဓိက လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကိုလည်း ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့လည်း ပြောပါတယ်။ 

ဒါ့အပြင် ပြည်သူလူထုက အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံကိုသာ  လိပ်မူ ပေးပို့သင့်သလို မြန်မာပြည်သူတွေကိုလည်း တောင်းပန်ဖို့ တောင်းဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013