DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် 92 တဂါလံကို ၁၈၀၀၀ ကျပ်ထိ စျေးမြင့်တက်
DVB
·
August 13, 2022
ကွတ်ခိုင်တွင် 92 တဂါလံကို ၁၈၀၀၀ ကျပ်ထိ စျေးမြင့်တက်
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ 92 ဓာတ်ဆီ တလီတာ ၄၅၀၀ ကျပ်၊ တဂါလံကို ၁၈,၀၀၀ ကျပ်ထိ မြင့်တက်နေပြီး လိုအပ်သလောက် ဝယ်ယူမရဘူးလို့ မြို့ခံတွေက ဒီဗွီဘီကို​ ပြောပါတယ်။

"ဒီနေ့ ကွတ်ခိုင်မှာ ဆီတလီတာကို ၄၅၀၀ ထိ စျေးတက်သွားတယ်။ ဒါတောင် ဆိုင်တိုင်းမှာ မရောင်းဘူး။ ဝယ်ချင်သလောက်လည်း မရဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့ မူဆယ်၊ လားရှိုးနဲ့ အခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီးစျေးတွေ မြင့်တက်နေပြီး ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရကြရပါတယ်။

“လားရှိုးက ဆီဆိုင်အများစု ဆီပြတ်နေပြီ။ ဆီရောင်းတဲ့ဆိုင်ကိုရှာပြီး တန်းစီဝယ်နေရတယ်။ ကားဆိုရင် တစီးကို နှစ်သောင်းဖိုးပဲ ရောင်းပေးတယ်။ လိုချင်သလောက်ဝယ်လို့ မရဘူး" လို့ မြို့ခံ တဦးက ပြောပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ တနှစ်ကို စက်သုံးဆီ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၃ ဘီလီယံ တင်သွင်းမှုကို လျှော့ချမယ်လို့ ပြောဆိုပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စက်သုံးဆီပြတ်လပ်နေပြီး စျေးနှုန်းမြင့်တက်လာနေတာပါ။

တိုင်းနဲ့ ပြည်နယ်တချို့မှာလည်း ပြီးခဲ့တဲ့ ရက်တွေကစလို့ စက်သုံးဆီ ပြတ်တောက်ခဲ့သလို ရန်ကုန်မှာလည်း ဒီနေ့ကစ စက်သုံးဆီ ပြတ်လာပြီလို့ ရန်ကုန်မြို့ခံ ယာဉ်မောင်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013