DVB Logo
Home
မြန်မာသတင်း
ဒေါ်လာစျေး ၂,၈၀၀ ကျပ်အထက်ထိ တကျော့ပြန် မြင့်တက်နေ
DVB
·
August 12, 2022
ဒေါ်လာစျေး ၂,၈၀၀ ကျပ်အထက်ထိ တကျော့ပြန် မြင့်တက်နေ
Donate to DVB

စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာရည်ညွှန်းစျေး ၂,၁၀၀ ကျပ် သတ်မှတ်ထားပေမဲ့ ဒီကနေ့ သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက ပြင်ပမှောင်ခိုစျေးကွက်မှာ ဒေါ်လာစျေး ၂,၈၀၀ ကျပ်အထက်ထိ စံချိန်တင် မြင့်တက်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ နှောင်းပိုင်းကလည်း တဒေါ်လာကို ၂,၇၀၀ ကျပ်အထက် တကြိမ်ရောက်ရှိခဲ့ပြီး အခုအခါ တကျော့ပြန် ထပ်မံမြင့်တက်လာတာပါ။

ပြင်ပနိုင်ငံခြားငွေစျေးကွက်မှာ အမေရိကန်ဒေါ်လာက ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ အရောင်းအဝယ် ဖြစ်နေပြီး နာရီနဲ့အမျှ စျေးဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။

မနေ့ကထိ တဒေါ်လာကို ၂,၇၀၀ အထက်မှာပဲ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီးတော့ ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ တဒေါ်လာကို ၂,၈၀၀ အထက်ထိ မြင့်တက်လာတာဖြစ်ပါတယ်။

ဒေါ်လာစျေးနဲ့ တွက်ချက်ပြီး စျေးနှုန်းသတ်မှတ်တဲ့ မြန်မာ့အခေါက်ရွှေစျေးကလည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းစျေးအရ ဒီကနေ့မှာ ၂,၀၈၈,၀၀၀ ကျပ် စျေးပေါက်ပေမဲ့ ပြင်ပစျေးကွက်မှာ တကျပ်သားကို ၂,၆၀၀,၀၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က အမေရိကန်တဒေါ်လာကို ငွေကျပ် ၁,၃၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်လာစျေးကို ထိန်းညှိနိုင်ဖို့ ငွေကြေးဆိုင်ရာမူဝါဒမျိုးစုံကို ပြောင်းလဲချမှတ်နေပေမဲ့ ပြည်တွင်းရွှေစျေးနဲ့ ဒေါ်လာငွေလဲနှုန်းက ကျဆင်းသွားခြင်းမရှိဘဲ မြင့်သည့်ထက် ပိုမြင့်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013