DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် စက်သုံးဆီ အလုံအလောက်ဝယ်မရသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
August 12, 2022
ထားဝယ်တွင် စက်သုံးဆီ အလုံအလောက်ဝယ်မရသဖြင့် ဒေသခံများ အခက်တွေ့
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီပြတ်လပ်နေပြီး တချို့ဆိုင်တွေကတော့ ခွဲတမ်းနဲ့သာ ရောင်းပေးနေတဲ့အတွက် အလုံအလောက် ဝယ်မရ ဖြစ်နေတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

DDPC စက်သုံးဆီဆိုင် ၂ ခုအနက် တခုမှာသာ သြဂုတ် ၁၂ ရက်၊ မနက် ၁၁ နာရီလောက်အထိ ရောင်းချပေးပြီး ဆိုင်ကယ်တစီး အများဆုံး ကျပ် ၂,၀၀၀ ဖိုးနဲ့ ကားတစီး အများဆုံး ကျပ် ၁၀,၀၀၀ ဖိုးအထိသာ ရရှိတယ်လို့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။ 

“ဓာတ်ဆီ နှစ်ထောင်ဖိုးလောက်နဲ့က ဘယ်မှသွားလာလို့မရဘူး။ ငါးထောင်ဖိုးလောက် ထည့်ဖို့ကို တဆိုင်ပြီးတဆိုင် လိုက်ထည့်နေရတယ်။ တချို့ဆိုင်တွေမှာက ဆီလုံးဝမရှိတော့ဘူး” လို့ ပြောပါတယ်။

စက်သုံးဆီဆိုင်ကြီးတခုဖြစ်တဲ့ ရနံ့သစ် ဆိုင်မှာတော့ ဆိုင်ကယ်တစီးကို အများဆုံး ၃,၀၀၀ ဖိုးအထိသာ ရောင်းချပေးနေပြီး ယာဥ်တစီးကို တရက်တကြိမ်သာ ဝယ်ယူခွင့်ပေးပါတယ်။

အခုလို စက်သုံးဆီ လုံးဝပြတ်လပ်ရတာက ဆီသယ်ယာဥ် အချိန်မီရောက်မလာလို့ဖြစ်ပြီး ဆီသယ်ယာဥ် ရောက်လာပါက ခွဲတမ်းနဲ့ ပြန်လည်ရောင်းချပေးမယ်လို့ အမည်မဖော်လိုတဲ့ စက်သုံးဆီဆိုင်ဝန်ထမ်းတဦးက ပြောပါတယ်။

ထားဝယ်မြို့မှာ သြဂုတ် ၆ ရက်က ဓာတ်ဆီ 92 တလီတာစျေးနှုန်း ၁,၆၈၀ ကျပ် ရှိခဲ့ရာကနေ ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့မှာတော့ ၂,၃၁၅ ကျပ်ဖြစ်နေတဲ့အတွက် တပတ်အတွင်း စျေးနှုန်း ကျပ် ၆၀၀ လောက်အထိ မြင့်တက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013