DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာလိုသည့် အရိပ်အယောင်မတွေ့ဟု ဗိုလ်ချုပ်ကြီး မူတူးစေဖိုး ပြော
DVB
·
August 12, 2022
စစ်အုပ်စုက နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာလိုသည့် အရိပ်အယောင်မတွေ့ဟု ဗိုလ်ချုပ်ကြီး မူတူးစေဖိုး ပြော
Donate to DVB

နိုင်ငံ့အာဏာကို မတရားသိမ်းယူထားတဲ့ စစ်အုပ်စုရဲ့ သဘောထားရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ လက်နက်ကိုင်ခုခံတော်လှန်မှုကို တရားမျှတစွာ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာတွေကို အဖြေရှာလိုတဲ့ အရိပ်အယောင် တစုံတရာကိုမျှ မတွေ့ရဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပြောကြားလိုက်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ နိုင်ငံ‌ရေးဆိုင်ရာ သဘောထား ရပ်တည်ချက်ဟာ နိုင်ငံရေးပြသနာကို နိုင်ငံ‌ရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဩဂုတ် ၁၂ ရက် ဒီနေ့ ကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားလိုက်တာဖြစ်ပြီး လက်ရှိအခြေအနေမှာ ကေအန်ယူအနေနဲ့ လက်နက်ကိုင် ခုခံတော်လှန်နေရတဲ့ အချိန်အခါမှာသာ ရှိနေသေးကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး၊ သံတမန်ရေးနဲ့ လူမှုဆိုင်ရာ နည်းလမ်းပေါင်းစုံ အဖြေရှာသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့ အမျိုးသားများ အဓွန့်ရှည် ရှင်သန်နိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ မိမိတို့နိုင်ငံဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသာ ဖြစ်ရမှာဖြစ်ပြီး မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးရရှိဖို ဖယ်ဒရယ် အခြေခံမူပေါ် တည်ဆောက်ပြီး ပြည်သူလူထုတရပ်လုံးအတွက် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရရှိဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုထားပါတယ်။

ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကလည်း ခုခံတော်လှန်ရေးတလျှောက်မှာ ကရင့်အမျိုးသားအစည်းအရုံးကနေ လက်နက်ကိုင်ပဋိပက္ခရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပေမယ့် လူမျိုးကြီးဝါဒကို စွဲကိုင်နေတဲ့ အုပ်ချုပ်သူ အစိုးရတွေနဲ့ စစ်အုပ်ချုပ်ရေးစနစ်က နိုင်ငံရေးအရ နည်းမှန်လမ်းမှန် ကြိုးပမ်းအားထုတ်မရှိခဲ့ဘူးလို့ ထောက်ထားထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၂ နှစ်တိုင်ရောက်ခဲ့ပြီဖြစ်ပြီး ကရင့်ခေါင်းဆောင် စောဘဦးကြီးနဲ့တကွ အာဇာနည်ပီပီ အသက်စွန့်ပေးလှူသွားတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ ပြည်သူတွေရဲ့ ခရီးလမ်းဟာ မဆုံးသေးတဲ့အတွက် ရှေ့ဆက်ပြီး မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းရွက်ဖို့ တိုက်တွန်းကြောင်းလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၂ ရက် ဒီနေ့ ကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းနားတွေကိုတော့ ကရင်အမျိုးသားတွေရှိရာ နိုင်ငံတဝန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013