DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် စက်သုံးဆီဈေးတက်၊ လိုသလောက်ဝယ်မရ
DVB
·
August 11, 2022
ကချင်ပြည်နယ်တွင် စက်သုံးဆီဈေးတက်၊ လိုသလောက်ဝယ်မရ
Donate to DVB

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီးနဲ့ ပူတာအိုမြို့တွေမှာ စက်သုံးဆီစျေးတွေ မြင့်တက်လာပြီး ဆိုင်အများစုက ဆီပြတ်လပ်နေတယ်ဆိုကာ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားဒေသခံတဦးက “ဆီမရောင်းနိုင်ဘူးဆိုရင်လည်း ဆိုင်မပိတ်ထားဘူး။ ဆိုင်ထဲဝင်သွားတော့မှ ဆီမရှိဘူးပြောတယ်။ ဆီဈေးနှုန်း ဆိုင်းဘုတ်မှာလည်း ဈေးနှုန်းတွေ ရေးထားလို့ ရမယ်ထင်ပြီး ဆီဝင်ထည့်တာ မရဘူးပြောတယ်။ ဒါနဲ့ တခြားဆိုင် သွားထည့်ပြီး ပြန်လာတော့ ခုနက ဆီမရှိဘူးပြောတဲ့ဆိုင်မှာ ဆိုင်ကယ်တွေ ဆီထည့်ပေးနေပြန်ရော။ ဘာတွေမှန်းကို မသိတော့ပါဘူးဗျာ” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်က တချို့ဆိုင်တွေမှာတော့ ဆိုင်ကယ်တစီးကို ကျပ် ၂,၀၀၀ ဖိုးနဲ့ ကားတစီး ကျပ် ၁၀,၀၀၀ ဖိုးထည့်ပေးတဲ့ဆိုင် ရှိသလို ကျပ် ၃၀,၀၀၀ ဖိုး ထည့်ပေးတဲ့ဆိုင်လည်း ရှိနေပါတယ်။

မိုးညှင်းမြို့နယ်က စက်သုံးဆီရောင်းချနေသူတဦးက “ဆီကတော့ အကန့်အသတ်နဲ့ပဲ ရောင်းနိုင်တယ်။ တချို့ ပုံးတွေနဲ့ အများကြီးလာဝယ်တယ်။ မရောင်းပေးနိုင်ဘူး။ ဆိုင်ကယ်တစီး ကျပ် ၂,၀၀၀ ဖိုးပဲ ရောင်းပေးနိုင်တယ်။ ဘာကြောင့် လိုသလောက် မရောင်းပေးလဲဆိုတော့ ဆီပြတ်သွားရင် သွားလာရေး ပိုခက်ခဲသွားမှာစိုးလို့ ခုကတည်းက အကန့်အသတ်နဲ့ ရောင်းပေးနေတာပါ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းဟာ နေရာဒေသပေါ်မူတည်ပြီး မြစ်ကြီးနားမြို့ပေါ်မှာ 92 တလီတာကို ၁,၉၅၀ ကျပ်မှ ၂,၀၀၀ အတွင်း၊ 95 တလီတာကို ၂,၄၀၀ ကျပ်မှ ၂,၅၀၀ ကျပ်အတွင်း တန်းစီစနစ် အကန့်အသတ်နဲ့ ရောင်းချပေးနေပါတယ်။

ဗန်းမော်မြို့မှာတော့ စက်သုံးဆီအရောင်းဆိုင်တွေဖြစ်တဲ့ BOC၊ ဟိန်းအောင်၊ ရွှေတောင်တန်း၊ မိသားစု၊ ပါဝါလိုက် အစရှိတဲ့ ဓာတ်ဆီဆိုင်ကြီးတွေမှာ ဆိုင်ဖွင့်ထားပေမဲ့ ဆီပြတ်နေတယ်ဆိုပြီး မရောင်းချဘဲ DENKO တဆိုင်တည်းမှာပဲ ရောင်းချပေးနေတဲ့အတွက် ဒေသခံတွေ အခက်တွေ့နေကြပါတယ်။

မြို့ခံတဦးက “ဒီသြဂုတ်လထဲ ပိုဆိုးလာပြီ။ စဥ်းစားမရတာက ဓာတ်ဆီဆိုင်တွေ တော်တော်များများက ဆီပြတ်တယ်ပြောပြီး ပြိုင်တူမရောင်းကြတာ၊ DENKO မှာလည်း အကန့်အသတ်နဲ့ပဲ ရောင်းပေးနေတာ။ ဆိုင်ကယ်တစီးကို ၃,၀၀၀၊ သုံးဘီးတစီးဆို ၅,၀၀၀၊ အိမ်စီးကားဆို ၁၅,၀၀၀၊ ၂၀,၀၀၀ ပဲ ထည့်ပေးတော့တာ။ နေပူကြီးထဲ၊ မိုးရွာကြီးထဲ နာရီဝက်လောက် တန်းစီပြီးမှသာ ထည့်ကြရတယ်” လို့​ ပြောပါတယ်။

ဒီနေ့ သြဂုတ် ၁၁ ရက်အထိ ဓာတ်ဆီတလီတာ ပေါက်စျေးမှာ 92 ၂,၂၆၅ ကျပ်၊ 95 ၂,၃၄၅ ကျပ်၊ ဒီဇယ် ၂,၅၉၀ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂,၆၆၀ ကျပ်နဲ့ အသီးသီးရောင်းချနေပြီး ၂၄ နာရီလုံး မရောင်းချဘဲ ည ၈ နာရီမှ မနက် ၆ နာရီအထိ ဆိုင်တွေကို ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013