DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်များကို အေအေ သတိပေး
DVB
·
August 11, 2022
ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်များကို အေအေ သတိပေး
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ် ရခိုင်ပြည်သူလူထုတွေကို ဆက်လက်ပြီး ဒုက္ခပေးနေမယ်ဆိုရင် တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေး လိုအပ်ချက်တွေအရ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်ရင် လိုအပ်သလို ကိုင်ကွယ်ဆောင်ရွက်သွားမယ်လို့ ရက္ခိုင်တပ်တော် (အေအေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်မှာပြုလုပ်တဲ့ ၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောကြားလိုက်ပါတယ်။

ဦးခိုင်သုခက သတင်းထောက်တယောက်ရဲ့ မေးမြန်းမှုကို “စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအထဲမှာပါတဲ့ ဝန်ကြီးတွေအနေနဲ့ ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက်လမ်းကြောင်းမှာ အာဏာပါဝါ လုပ်ပိုင်ခွင့်လမ်းကြောင်းနဲ့ပဲ သာယာနေပြီး စစ်ကောင်စီအလိုကျ ပြည်သူလူထုကို ဆက်ပြီး ဒုက္ခပေးနေမယ်ဆိုရင် အခြေအနေရဲ့ လိုအပ်ချက်၊ တော်လှန်ရေး လိုအပ်ချက်၊ ပြည်သူ့လုံခြုံရေး လိုအပ်ချက်၊ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်ရင် လိုအပ်သလို ကိုင်ကွယ်သွားမယ်ဆိုတာကို အရင်ကလည်း သတိပေးပြီးပြီ။ အခု ထပ်ပြီး စစ်ကောင်စီ လက်ကိုင်တုတ် ရခိုင်ပြည်နယ်အစိုးရကို ပြင်းပြင်းထန်ထန် သတိပေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနဲ့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကျော်သူရတို့မှာ ရခိုင်ပြည်သူတွေကို အကျပ်အတည်းဖြစ်အောင်၊ ဒုက္ခရောက်အောင် ဆောင်ရွက်နေကြပြီး ကုန်စည်စီးဆင်းမှုတို့ကို ကန့်သတ်ထားတာ၊ မတရားဖိနှိပ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဦးခိုင်သုခက ဆက်ပြောခဲ့ပါတယ်။

အဲဒီလို ကုန်စည်စီးဆင်းမှုကို ကန့်သတ်တာဟာ လူသားမျိုးနွယ်အပေါ် ကြီးမားတဲ့ ပြစ်ဒဏ်ကျူးလွန်မှုတခု ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တွေ-ရန်ကုန် ကားလမ်းတလျေှာက်မှာ စစ်ဆေးရေးဂိတ် ၁၅ ခုအထိ ဖွင့်ပြီးတော့ ကားသမားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာအောင် စားနပ်ရိက္ခာတွေ သယ်ယူလို့မရအောင် လုပ်ဆောင်နေတာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013