DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် နယ်မြို့အချို့တွင် စက်သုံးဆီ ဝယ်ယူရခက်ပြီး ဈေးမြင့်တက်
DVB
·
August 11, 2022
ရန်ကုန်နှင့် နယ်မြို့အချို့တွင် စက်သုံးဆီ ဝယ်ယူရခက်ပြီး ဈေးမြင့်တက်
Donate to DVB

တရက်အတွင်း စက်သုံးဆီတလီတာကို ကျပ် ၃၀၀ ဝန်းကျင် မြင့်တက်လာပြီး ရန်ကုန် အပါအဝင် နယ်ဒေသတချို့မှာ စက်သုံးဆီ ဝယ်ယူရခက်တဲ့ အခြေအနေတွေ ထပ်မံဖြစ်ပေါ်လာပါတယ်။

အဲဒီလို စျေးနှုန်းကြီးမြင့်တာ၊ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်ပြီး ဝယ်ယူရခက်တဲ့ ဖြစ်စဉ်တွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာခဏ ဖြစ်ပေါ်နေတာပါ။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် မနေ့က ဈေးကွက်အတွင်း ဆိုင်တချို့ အရောင်းအဝယ် ရပ်နားထားတာ တွေ့ရပြီး ဒီနေ့ ဈေးကွက်ဖွင့်ချိန်မှာတော့ တလီတာကို ကျပ် ၃၀၀ ဝန်းကျင်ထိ စျေးထိုးတက်လာပါတယ်။

မော်လမြိုင်မြို့ခံ ပြည်သူတဦးက “ဒီနေ့ ၃၀၀ ကျော်လောက် ထပ်တက်တယ်။ မရှိမဖြစ် သုံးနေရတော့ ဈေးကြီးလည်း ဝယ်ထည့်ရတာပဲ။ ဆီဈေးလည်း တက်တယ်ဆိုတော့ ဆီပြတ်ပါပြီဆိုပြီး မနေ့ကပိတ်ထားတဲ့ ဆိုင်တွေက အရောင်းပြန်ဖွင့်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92 Ron တလီတာကို ၂,၁၄၀ ကျပ်၊ အောက်တိန်း 95 Ron တလီတာကို ၂,၂၁၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၄၄၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၅၁၅ ကျပ်နဲ့ အမြင့်ဈေးမှာ ရပ်တည်နေပါတယ်။

ဗဟိုဘဏ်က ဒေါ်လာဈေးမပြောင်းမီ ဩဂုတ် ၇ ရက်က ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92 Ron တလီတာကို ၁,၆၁၅ ကျပ်၊ အောက်တိန်း 95 Ron တလီတာကို ၁,၆၆၅ ကျပ်၊ ဒီဇယ် တလီတာကို ၁,၉၇၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၀၂၅ ကျပ် အသီးသီးရှိခဲ့ပြီး ဒေါ်လာရည်ညွှန်းဈေး ၁,၈၅၀ ကျပ်ကနေ ၂,၁၀၀ ကျပ်ကို ပြောင်းလဲပြီး ၄ ရက်အကြာ ဒီကနေ့မှာတော့ စက်သုံးဆီ အမျိုးအစားအလိုက် တလီတာကို ကျပ် ၅၀၀ ဝန်းကျင်ထိ ဈေးထိုးတက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်က အောက်တိန်း 92 Ron တလီတာကို ကျပ် ၂,၃၀၀ အထက်ထိ စံချိန်တင် အမြင့်ဈေး ‎ရောက်ရှိခဲ့ပြီး အခုအခါ တလီတာ ကျပ် ၂,၀၀၀ အထက်ကို တကျော့ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။

အခုလို စက်သုံးဆီအမြင့်ဈေး ရပ်တည်နေချိန် စစ်ကောင်စီကတော့ ပြည်ပကနေ စက်သုံးဆီပါဝင်တဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှုကို လျှော့ချဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းထုတ်လုပ်မှုကို တွန်းအားပေးဖို့ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013