DVB Logo
Home
မြန်မာသတင်း
ရွှေကူတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 10, 2022
ရွှေကူတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ သြဂုတ် ၁၀ ရက် မနက်ပိုင်းက ကျောက်တလုံးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၇၀ ကျော်လောက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “မနက် ၄ နာရီခွဲလောက်က စစ်တပ်က အင်အား ၇၀ ကျော်လောက် စစ်ကြောင်းထွက်လာတယ်။ အဲ့ဒါကို ကျောက်တလုံးရွာ အထက်ပိုင်းမှာ မိုင်းဆွဲခံရတာ။ စစ်တပ်ဘက်က သေတာတွေ ဒဏ်ရာရတာတွေ ရှိတယ်။ တိတိကျကျတော့ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ခမရ ၄၁၅ နဲ့ ခလရ ၁၀ မှ အင်အား ၇၅ ဦးလောက်ဟာ ဧရာဝတီမြစ်တလျှောက် လုံခြုံရေးယူဖို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကျောက်တလုံးကျေးရွာ အထက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အမှတ် ၅ တပ်ရင်းက မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ Myo Hla PDF က သတင်းထုတ်ပြန်ပါတယ်။

KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီအရာရှိ ၃ ဦး အပါအဝင် စစ်သား ၆ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Photo - MyoHla PDF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013