DVB Logo
Home
မြန်မာသတင်း
ဗန်းမော်စုပေါင်းရုံးတွင် မိုင်း ၂ လုံးကွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေးချက်ထုတ်ပြန်
DVB
·
August 10, 2022
ဗန်းမော်စုပေါင်းရုံးတွင် မိုင်း ၂ လုံးကွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေးချက်ထုတ်ပြန်
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိစုပေါင်းရုံးနှင့် ဆိုင်ကယ်ကားထားရာနေရာမှာ ဒီနေ့မနက်  ၁၁ နာရီကျော်လောက် မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်၊ ကားနဲ့ စုပေါင်းရုံးတံခါးတွေ လွင့်စဉ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ကားနားမှာ ပေါက်ကွဲခဲ့တာလို့ နီးစပ်သူတွေက ပြောပေမယ့် လူအထိအခိုက်နဲ့ ပေါက်ကွဲမှု အသေးစိတ်ဖြစ်စဥ်ကတော့ မသိရှိရသေးပါဘူး။

“မိုင်းသံအကျယ်ကြီး ၁ ချက် အရင်ကြားရတယ်။ ၃ မိနစ်လောက်နေတော့ အသံအကျယ်ကြီးနဲ့ ပေါက်ကွဲသံထပ်ကြားရပြီး သေနတ်သံအချို့လည်း ကြားရတယ်၊ ၅ ချက်လောက်ရှိမယ်။ ပြီးတော့ စုပေါင်းရုံးဘက်ကနေ မီးခိုးတွေ အလုံးလိုက်ကြီး တက်လာတာမြင်ရတယ်” လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

ဗန်းမော်ပြည်သူ့ကာကွယ်ရေး URF ကတော့ စစ်ကောင်စီနဲ့ ရဲတွေ အနီးအနား တတ်နိုင်သမျှ မကပ်ကြဖို့နဲ့ ပြည်သူတွေ ရှောင်ရှားကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမူ့ဖြစ်စဥ်ဖြစ်ပွားပြီး မီးသတ်တွေ ရောက်ရှိလာကာ မီးငြှိမ်းသတ်နေပြီး စုပေါင်းရုံးနဲ့ အနီးတ၀ိုက်ကိုလည်း ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ မေနဲ့ မတ်လလောက်ကလည်း ဆေးရုံကြီးအနီးနဲ့ မီတာရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013