DVB Logo
Home
မြန်မာသတင်း
၂၀၂၂ နှစ်ဝက်အတွင်း မြန်မာလူဦးရေ ၃ သန်းကျော်ကို အရေးပေါ်အကူအညီပေးနိုင်ဟု ကုလ ထုတ်ပြန်
DVB
·
August 10, 2022
၂၀၂၂ နှစ်ဝက်အတွင်း မြန်မာလူဦးရေ ၃ သန်းကျော်ကို အရေးပေါ်အကူအညီပေးနိုင်ဟု ကုလ ထုတ်ပြန်
Donate to DVB

သွားလာကူညီခွင့် တင်းကျပ်နေတဲ့ အခြေအနေတွေကြားကနေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေကြတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ မြန်မာလူဦးရေ ၃ သန်းကျော်အတွက် အရေးပေါ်နဲ့ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ UNOCHA က ပြောပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးအများအပြားမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တင်းမာမှုတွေ မြင့်တက်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာတွေနဲ့ အရပ်သားသေဆုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်နေပြီး ဩဂုတ် ၁ ရက်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ စစ်တပ်ကဝင်ရောက်စီးနင်းတာ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးပိုမိုတင်းကျပ်တာတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးထောင်ချတာတွေ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံမီဒီယာတွေရဲ့အချက်အလက်တွေအရ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်တွင်း အခြေအနေဟာလည်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တပ်မတော်ကြား တင်းမာမှုတွေ မြင့်တက်နေတာကြောင့် အထူးစိုးရိမ်စရာဖြစ်နေပြီး နိုင်ငံတဝန်း မြေမြှပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုအရေအတွက်ဟာ မြင့်တက်နေပြီး စိုးရိမ်စရာအခြေအနေ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ 

ယူနီဆက်ဖ်ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ မြေမြှုပ်မိုင်း၊ ဒါမှမဟုတ် စစ်လက်နက် အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အရပ်သားသေဆုံးမှု စုစုပေါင်း ၁၆၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်တဝန်း၊ အထူးသဖြင့် ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ကြား အရင်က တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့ မူလနေထိုင်ရာ ကျေးလက်ဒေသတွေမှာ မိုင်းအန္တရာယ် အသိပညာပေးလှုပ်ရှားမှုတွေ တိုးချဲ့လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013