DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ ဒေသခံပြည်သူ ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်ဆီး၊ နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
DVB
·
August 10, 2022
မြိုင်မြို့နယ်၌ ဒေသခံပြည်သူ ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်ဆီး၊ နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
1 / 3
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဩဂုတ် ၉ ရက်က  ဒေသခံပြည်သူ  ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေပြီး ကျေးရွာ ၃ ရွာလောက်က နေအိမ် ၁၀၀ ကျော်လောက်ကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

တွင်းမရွာတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အနီးနားကျေးရွာက ဒေသခံပြည်သူ ၁၄၃ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတာ ခုအချိန်ထိ ပြန်မလွှတ်သေးဘူးလို့  မြိုင် ပ.ကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

နှမ်းဆီကန်ရွာသားတဦးက “စစ်(…)နဲ့ ပျူ(…)တွေဟာ အိုရင်းရွာ၊ သာစည်ရွာနဲ့ နှမ်းဆီကန်ကျေးရွာက ပြည်သူတွေကို ဖမ်းဆီးထားသလို မီးရှို့ဖျက်ဆီးကြတာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးထဲပါသွားပြီ။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ရွာကိုတော့ ညနေပိုင်းမှ စရှို့ကြတာ။ အိမ်ခြေအရေတွက်ကတော့ ကျေးရွာ ၃ ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်လောက် မီးထဲပါသွားပြီ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်သလို တွင်မရွာဘက်မှာ တိုက်ပွဲဖြစ်သံကြားလို့ ရွာသားတွေ အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာ၊ တချို့ကလည်း ဆွေမျိုးနီးစပ်တွေရှိတဲ့ ရွာတွေကို ထွက်ပြေးကြသလို တောထဲတွေမှာ ဖြစ်သလိုနေရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့နယ်ထဲကို စစ်(…)တွေ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေလို့ မြိုင်-ပခုက္ကူကားလမ်းကို မိဘပြည်သူတွေအနေနဲ့ ဖြတ်သန်း သွားလာတာတွေ မပြုလုပ်ကြဖို့  ဩဂုတ် ၆ ရက်မှာ ထုက်ပြန်ထားပေမဲ့ လိုက်နာမှုအားနည်းလို့  ဩဂုတ်လ ၉ ရက်မှာ  နောက်ထပ် ထုတ်ပြန်ထားတယ်”လို့  ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီဘက်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲပြီး အသည်းအသန်ထိုးစစ်ဆင်ကာ ကျေးရွာတွေကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarက ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013