DVB Logo
Home
မြန်မာသတင်း
တနင်္သာရီကျောင်းသားများသမဂ္ဂကွန်ရက်က ‘ကျည်ဖိုးရဖို့ ဝိုင်းကူကြစို့’ ကမ်ပိန်းလုပ်
DVB
·
August 9, 2022
တနင်္သာရီကျောင်းသားများသမဂ္ဂကွန်ရက်က ‘ကျည်ဖိုးရဖို့ ဝိုင်းကူကြစို့’ ကမ်ပိန်းလုပ်
Donate to DVB

တနင်္သာရီအခြေစိုက် ကျောင်းသားများသမဂ္ဂကွန်ရက်က ဦးဆောင်ကာ သြဂုတ် ၃ ရက်ကစပြီး ၁၃ ရက်နေ့အထိ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ‘ကျည်ဖိုးရဖို့ ဝိုင်းကူကြစို့’ ရန်ပုံငွေရှာဖွေရေးကမ်ပိန်း ပြုလုပ်နေပါတယ်။

တနင်္သာရီအခြေစိုက် ကျောင်းသားများသမဂ္ဂကွန်ရက်အဖွဲ့ဝင်က “တနင်္သာရီတိုင်းမှာက ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ ရာဂဏန်းလောက်ရှိတယ်။ သူတို့အတွက် စစ်ကောင်စီရဲ့ ခေတ်မီလက်နက်တွေရဲ့ဒဏ်ကို ခုခံနိုင်ဖို့ ရိက္ခာ၊ ဆေးဝါး၊ လက်နက် အခက်အခဲတွေကို ဖြည့်ဆည်းပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းကို လုပ်တာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီကမ်ပိန်းမှာ ကျည်တတောင့်တန်ဖိုး ၅,၀၀၀ ကျပ်နဲ့ ပါဝင်နိုင်သလို မိမိတို့ တတ်နိုင်သမျှလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

ကျည်ဖိုးရဖို့ ဝိုင်းကူကြစို့ ကမ်ပိန်းကို နှိုးဆော်ရာမှာလည်း ကရင်ဘာသာစကား၊ ထားဝယ် ဒေသိယစကား၊ မြိတ်ဒေသိယစကားတို့နဲ့ ဖော်ပြတိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီလကလည်း တနင်္သာရီအခြေစိုက် ကျောင်းသားများသမဂ္ဂကွန်ရက်က ဦးဆောင်ပြီး စစ်ဘေးရှောင်တွေအတွက် Donate for Tanintharyi - 2000 ကျပ်သာမျှလှူပါ ကမ်ပိန်း ပြုလုပ်ခဲ့ပြီး ကျပ်သိန်းသုံးဆယ်ကျော် အလှူခံရရှိကာ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့နဲ့ ခုနစ်စဉ်ကြယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တို့ကို မျှဝေကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013