DVB Logo
Home
မြန်မာသတင်း
ဆယ်ဇင်းကျေးရွာရဲစခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
DVB
·
August 9, 2022
ဆယ်ဇင်းကျေးရွာရဲစခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ ရဲစခန်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ ဩဂုတ် ၉ ရက် နေ့လယ် ၁ နာရီလောက်ကစတင်ကာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံအမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုက ရဲစခန်းကို ပြန်တိုက်နေတာ၊ တိုက်ပွဲက ပြင်းထန်တယ်။ နေ့လယ် ၁ နာရီလောက်က စဖြစ်ကြတာ။”

ဩဂုတ် ၈ ရက်ကလည်း ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်စခန်း ၂ ခုကို KIA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒီနေ့မှာလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီနဲ့ SNA တွေ အကျအဆုံးများပြားနိုင်ပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာပေါ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေလို့ ဒေသခံ ရွာသူရွာသားတွေ စစ်ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြသလို ဟုမ္မလင်းဘက်ကိုလည်း သွားရောက် ရှောင်တိမ်းနေကြလို့ ပြည်သူလူထုထိခိုက်မှု နည်းပါးခဲ့ပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားနေချိန်မှာ လမ်းပေါ်ထွက်လာတဲ့ ဒေသခံ အမျိုးသားတဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားလို့ သတင်းစီးဆင်းမှု အခက်အခဲကြောင့် ထိခိုက်ကျဆုံးမှုစာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013