DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ရေးမြို့ ဒေသခံများ အခက်ကြုံ
DVB
·
August 9, 2022
ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ရေးမြို့ ဒေသခံများ အခက်ကြုံ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် သွားရေးလာရေးအပြင် မိသားစု စားဝတ်နေရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ‌ဒေသအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက လိုက်လံကြေညာထားခဲ့တာပါ။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် သွားရေးလာရေးအပြင် ကျန်းမာရေးကိစ္စတွေကအစ အခက်အခဲရှိလာပြီး စားဝတ်နေရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ် ကယ်ရီသမားတဦးက “ဆိုင်ကယ်က ဆွဲတာ အရင်တုန်းကဆိုရင် ပိုက်ဆံတသောင်း ရတဲ့နေရာမှာ အခုဆိုရင် လူမရတဲ့နေ့တွေလည်း ရှိကြတယ်။ စက်သုံးဆီက တခါ ဈေးကြီးပြန်တယ်။ အခု အန္တရာယ်ကြားက ဆွဲနေရသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏ တိုက်ခိုက်ခံရပြီးတဲ့နောက် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးနင်းခွင့်ကို ကန့်သတ်လာတာ ဖြစ်ပါတယ်။

အမျိုးသား ၂ ယောက် မစီးရဆိုတဲ့အမိန့် ထုတ်တဲ့အတွက် ကျန်းမာရေးကိစ္စ ဆေးခန်းတွေသွားရင် အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် သွားရေးလာရေးအတွက် အခက်ကြုံနေရသလို လုပ်ငန်းခွင် သွားလာရာမှာလည်း ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ရေးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ညမထွက်ရအမိန့်ကိုလည်း ည ၈ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားသလို လုံခြုံရေးတွေလည်း အရင်ကထက် ပိုမိုတင်းကျပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013