DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင် ကရင်နီပြည်သူများအတွက် ဆန်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ
DVB
·
August 9, 2022
စစ်ဘေးရှောင် ကရင်နီပြည်သူများအတွက် ဆန်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ စားနပ်ရိက္ခာ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ဆန် အဓိကလိုအပ်နေပြီး တခြားစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် သတင်းပြန်ကြားရေး တာဝန်ခံက အခုလိုပြောပါတယ်။

“အရင်နှစ်ကတော့ တောင်သူတွေက သူ့ဆန်စပါးတွေ အကျန်ရှိတော့ နည်းနည်း ပိုအဆင်ပြေပေမဲ့ ဒီနှစ်က ကုန်ဈေးနှုန်းနဲ့ စပါးမစိုက်တော့ တဖက်မှာလည်း ဒေသအတော်များများ စပါးမစိုက်ရတော့ ပိုအခက်အခဲ ဖြစ်လာတာပေါ့နော်။ အရင်ကထက် အများကြီး ပိုအခက်အခဲဖြစ်လာပါတယ်။ အစစအရာရာ အကုန်ဈေးကြီးတော့ စစ်ပွဲကလည်း အမြဲဖြစ်နေတော့ တောင်သူတွေကလည်း စပါးမစိုက်ရတာ တဖက်ပေါ့နော်။ စစ်ရှောင်ဆိုတဲ့အတိုင်းပဲ အကုန်လုံးလိုအပ်ပါတယ်။ အရင်နှစ် ဆောက်ထားတဲ့ မိုးကာတဲလေးတွေလည်း ကြာလာရင် ဆွေးလာတာပဲလေ၊ မိုးဒဏ်မခံနိုင်ဘူး။ မိုးရာသီဆို မိုးကကြီးပေါ့နော်။ နွေရာသီဆို ရေကရှား၊ ရေအခက်အခဲလည်း ရှိပါတယ်။ ရေရှားတဲ့အခက်အခဲ ရေကရှားတော့ ရေကမသန့်ဘူး။ ဝမ်းရောဂါတွေ တခြားရောဂါတွေပေါ့နော၊ ကလေးဆို ဝမ်းရောဂါတွေ၊ ကျောက်အရေပြားရောဂါတွေ၊ တကိုယ်ရေသန့်ရှင်းမှုတွေ အများကြီးလိုအပ်ပါတယ်။ ဆေးဝါးကအစ အစအဆုံးပေါ့နော်။ အားလုံးလိုအပ်နေပါတယ်။”

ကရင်နီပြည်နယ်မှာ တခြားပြည်နယ်တွေကိုပါ သွားရောက် စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၂ သိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ဟာ ကရင်နီပြည်နယ်က စစ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေကို အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့  အခြေခံ စားနပ်ရိက္ခာ၊ နေထိုင်ဖို့ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကူညီပေးနေတာဖြစ်ပြီး ကလေးစာသင်ကျောင်းတွေအတွက် သင်ထောက်ကူပစ္စည်းတွေ၊ ကလေးတွေ အာဟာရရှိဖို့ ထောက်ပံ့မှုတွေနဲ့ သန့်ရှင်းရေးတွေကို  ကူညီစောင့်ရှောက်မှုတွေ ပေးနေတဲ့ အဖွဲ့တခုဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ စားသောက်ကုန်နဲ့ ဓာတ်ဆီ ဒီဇယ်တွေ ဈေးမြင့်တက်လာပြီး အလှူရှင် မရတာတွေကြောင့် စစ်ဘေးရှောင်တွေကို ဆက်လက်ကူညီနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

“ကျနော်တို့အနေနဲ့ ကူညီတဲ့နေရာမှာတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ အခြေခံ စားနပ်ရိက္ခာဆိုလည်း လုံလောက်မှုမရှိတာတွေ၊ ဆေးဝါး သယ်ယူပို့ဆောင်မှု ခက်တာတွေ၊ အခုဆို ကုန်ဈေးနှုန်းက အကုန်လုံး ၃၀ ရာခိုင်နှုန်း တက်သွားတာပေါ့နော်။ တက်သွားတော့ အဲဒါတဖက်၊ အလှူရှင်က မရတာတဖက်နဲ့ ကျနော်တို့မှာ အခက်အခဲ အများကြီးရှိပါတယ်။ သွားရေးလာရေး ဓာတ်ဆီ၊ ဒီဇယ်ဆီကအစ  Transportation Fees တွေလည်း တက်လာတော့ အခက်အခဲ အများကြီးရှိပါတယ်။ ဆက်သွယ်လှူဒါန်းချင်ရင် Page Messanger မှာဖြစ်စေ တခြားနီးစပ်ရာ စစ်ရှောင်ကူညီတဲ့ သူတွေလည်း ရှိပါတယ်၊ လှူဒါန်းနိုင်ပါတယ်။ တော်လှန်စစ်ကိုလည်း ကူပေါ့နော်၊ စစ်ရှောင်ကိုလည်း မမေ့ကြပါနဲ့လို့ပေါ့နော်။ အမြဲတမ်းလှူပေးတဲ့ အလှူရှင်တွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။”

ဆန်တအိတ် ကာလပေါက်ဈေး ၃၅,၀၀၀ ကျပ်ရှိပြီး ဆန်တအိတ်တန်ဖိုးဖြစ်စေ တတ်နိုင်သလောက် ငွေကျပ် ၅၀၀၊ ၁,၀၀၀ ဖြစ်စေ Page Messenger မှ လာရောက်လှူဒါန်းပေးကြဖို့ အထူးမေတ္တာရပ်ခံ ဖိတ်ခေါ်လိုပါတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က အကူအညီ တောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013