DVB Logo
Home
မြန်မာသတင်း
စစ်သုံ့ပန်းနှင့် သတင်းပေး စုစုပေါင်း ၂၄ ဦးကို RCSS/SSA က ပြန်လွှတ်ပေး
DVB
·
August 8, 2022
စစ်သုံ့ပန်းနှင့် သတင်းပေး စုစုပေါင်း ၂၄ ဦးကို   RCSS/SSA က ပြန်လွှတ်ပေး
1 / 2
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က သူတို့ဖမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ သတင်းပေးသူ စုစုပေါင်း ၂၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ RCSS ရဲ့သတင်းဌာန Taifreedom news က ထုတ်ပြန်ပါတယ်။ 

ပြန်လွှတ်ပေးလိုက်တဲ့ ၂၄ ဦးထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA စစ်သုံ့ပန်း တပ်သား ၁၃ ဦး ၊  SSPP/SSA အားသတင်းပေးသူ ၅ ဦး ၊  SSPP/SSA တပ်ဖွဲ့ဝင် ၅ ဦးနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA တပ်ဖွဲ့ဝင် ၁ ဦးတို့ပါဝင်ပြီး လွတ်မြောက်ခွင့်ပေးတဲ့ အခမ်းအနားကို RCSS/SSA ဌာနချုပ်လွိုင်တိုင်းလျန်းမှာ ဩဂုတ် ၆ ရက်  မနက်က ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ RCSS/SSA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးစိုင်းယီက လွတ်မြောက်လာသူတွေအနေနဲ့ ခံဝန်ကတိကဝတ်တွေပေးစရာမလိုကြောင်း၊ ကိုယ့်နေရပ်ကိုယ်လွတ်လပ်စွာပြန်နိုင်ပြီး RCSS ဘက်ကလည်း မိုင်းကိုင်မြို့နယ်ထိပို့ဆောင်ပေးမယ် ၊ တိုက်ပွဲကာလဖြစ်လို့ ထိန်း ချုပ်ထားရတာဖြစ်ကြောင်း၊ ရန်သူတို့ရဲ့ခွဲခြားအမုန်းစကားတွေကြောင့် တိုင်းရင်းသား အချင်းချင်း ရှမ်းပြည်တိုင်းရင်းသားတွေအတွက် ဆုံးရှုံးမှုဖြစ်ပြီး ပြည်သူတွေလည်းဒုက္ခများစွာကြုံရတယ်လို့  ပြောသွားပါတယ်။ 

ရှမ်းပြည်နယ်ထဲမှာ  RCSS  နဲ့  SSPP ၊  TNLA တို့ ပူးပေါင်းတဲ့ မဟာမိတ်တပ်တွေကြား နယ်မြေစိုးမိုးရေးကိစ္စနဲ့ပတ်သက်ပြီး မနှစ်ကစ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ နှစ်ဖက်သုံ့ပန်း  အပြန်အလှန်အဖမ်းခံရတာ၊ ရွာသားတွေလည်း သတင်းပေး၊ ဘက်လိုက်တယ်ဆိုပြီး အဖမ်းခံရတာ ၊ အဓမ္မစစ်သားစုဆောင်းခံရတာတွေ ရှိခဲ့ပါတယ်။

ဒီဩဂုတ် ၁ ရက်မနက် ၅ နာရီက SSPP/SSA တပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်ဟာ လွိုင်လင်မြို့နယ် ဝမ်ကုန်းကျေးရွာထဲဝင်လာပြီး ရွာသား ၂၈ ဦးကို စစ်ဆေးဖို့ ဖမ်းခေါ်သွားကြောင်း ၊ အဲဒီထဲက ၁၅ ဦးကို ညနေပိုင်းမှာပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၁၃ ဦးကတော့ ဩဂုတ် ၆ ရက်အထိ ပြန်မလွတ်သေးပါဘူး။

ဖမ်းဆီးခံရသူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် မိသားစုဝင်တွေက လွန်စွာစိုးရိမ်ပြီး အခက်အခဲကူညီဖြေရှင်းပေးဖို့ လွိုင်လင်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ထံ လာရောက်တိုင်ကြားထားတယ်လို့ လွိုင်လင်ဒေသခံ တယောက်က ပြောပါတယ်။

Photo Credit- Taifreedom news

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013