DVB Logo
Home
မြန်မာသတင်း
ဦးမင်းကိုနိုင်၊ NUG ဝန်ကြီး ဦးရည်မွန်တို့ပါဝင်သည့် ရှစ်လေးလုံးစကားဝိုင်း ထုတ်လွှင့်မည်
DVB
·
August 8, 2022
ဦးမင်းကိုနိုင်၊ NUG ဝန်ကြီး ဦးရည်မွန်တို့ပါဝင်သည့် ရှစ်လေးလုံးစကားဝိုင်း ထုတ်လွှင့်မည်
Donate to DVB

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့ ပါဝင်ကြမယ့် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားနဲ့ စကားဝိုင်းကို အခုည ၈ နာရီမှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

မြန်မာ့သမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ ရှစ်လေးလုံးအရေးအခင်းဟာ အခုနှစ်မှာတော့ ၃၄ နှစ်မြောက် ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီစကားဝိုင်းမှာတော့ ဦးမင်းကိုနိုင်၊ ဦးရည်မွန်တို့နဲ့အတူ ပဒို စောကလယ်စေး၊ ရဲဘော်သံခဲ၊ ဒေါ်အိသဉ္ဇာမောင်တို့က ဆွေးနွေးသွားကြမှာဖြစ်ကာ Moderator အနေနဲ့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်စူစန်နာလှလှစိုးက ပါဝင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားနဲ့ စကားဝိုင်းကိုတော့ NUG, PVTV နဲ့ Radio NUG တို့ရဲ့ အင်တာနက်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအရေး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ တကျော့ပြန် အာဏာသိမ်းမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာ့အရေးအပေါ် ဘာတွေဆွေးနွေးကြမလဲဆိုတာကိုတော့ ဒီစကားဝိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာဖြစ်ပြီး နိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013