DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး ၁ နှစ်ပြည့် နိုင်ငံရေးတရားပွဲ ကျင်းပမည်
DVB
·
January 31, 2022
နွေဦးတော်လှန်ရေး ၁ နှစ်ပြည့် နိုင်ငံရေးတရားပွဲ ကျင်းပမည်
Donate to DVB

ကိုမင်းကိုနိုင်၊ ဒေါက်တာတေဇာဆန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးတချို့ ပါဝင်ဆွေးနွေးကြမယ့်  မြန်မာ့နွေဦးတော်လှန်ရေး တနှစ်ပြည့် နိုင်ငံရေးတရားပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဒီပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်၊ ည ၈ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့အတူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်၊  ကရင်အမျိုးသားအစည်းအရုံး - KNU အထွေထွေအတွင်းရေးမှူးချုပ်ဖဒိုစောတာဒိုမူး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းတို့က ပါဝင် သွားကြမှာ ဖြစ်ပါတယ်။

ဒီနိုင်ငံရေးတရားပွဲကို General Strike Coordination Body - GSCB ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာနဲ့ ဒီဗွီဘီသတင်းဌာနကတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ် သလို တခြားသော မီဒီယာတွေမှာလည်း  တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ အကြမ်းဖက်စစ်တပ် က အာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့တဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၁ နှစ်ပြည့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ လည်း ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေး ၁ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာလည်း မြန်မာနိုင်ငံအနှံ့ ငြိမ် သက်ခြင်းသပိတ်ကို ပါဝင်ဆင်နွှဲကြဖို့လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013