DVB Logo
Home
မြန်မာသတင်း
ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရ၊ ၂၂ ဦး သေဆုံး
DVB
·
August 8, 2022
ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရ၊ ၂၂ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ဩဂုတ် ၇ ရက်က စစ်ကောင်စီတပ်ရဲ့ မိုင်းရှင်းလင်းရေးစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့်  စစ်ကောင်စီတပ်သား ၂၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Farmers Revolution Force က ပြောပါတယ်။

ချောင်းဦး-မြင်းမူလမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ မိုင်းရှင်းလင်းရေး စစ်ကြောင်းထိုးလာရာ အလယ်စစ်ကြောင်းကို ဩဂုတ် ၇ ရက် မနက်က  အင်အားပြင်းတဲ့  မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား  ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းရှင်းလင်းရေး စစ်ကြောင်း ၃ ကြောင်းမှာ အလယ်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်လိုက်တာဖြစ်ပြီး Jumper ကားကြီးနဲ့ အင်အား ၄၀ လောက်ပါနိုင်ပြီး ခြေလျင်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

Farmers Revolution Forceကသ တင်းပြန်ကြားရေးတာဝန်ခံတဦးက “အဲလိုခွဲရော ခွဲလည်းပြီးရော စစ်ကြောင်းကြီးက ကျနော်တို့ ကလေးတွေခွဲထားတဲ့နေရာရော၊ သူတို့က သုံးကြောင်းကြီးဆိုတော့ သိတော့ စစ်ကြောင်းအတင်းထိုးတဲ့အချိန်ကျ ကလေးတွေက ဆိုင်ကယ်နဲ့လာရတာကိုး အလွယ်တကူ ပြေးနိုင်အောင် ဆိုင်ကယ်နဲ့လာတဲ့အခါကျ လမ်းသတင်းပေးအနေအထားလည်း ရှိပုံရတယ်ပေါ့လေ၊ ဒါမှမဟုတ် ဒီနေရာက ခဏတိုင်း ပွဲ ကနေတော့လည်း သူတို့ (-) တွေကလည်း သိနေပုံရပါတယ်။ အဲ့အချိန်မှာ ဆိုင်ကယ်ကိုမစီးဘဲ ပြေးရတာပေါ့။ လူလွတ်ရုန်းပြေးရတာ၊ ဆိုင်ကယ်ရော မှန်ဘီလူးရော ဖောက်ခွဲရေးပစ္စည်းတွေရော ထားခဲ့ရတော့ စခတွေ သိမ်းဆည်းယူသွားတယ်” လို့  ပြောပါတယ်။

ကားလမ်းမကြီးပေါ်က စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခံရအပြီးမှာ လမ်းမကြီးတောင်ဘက်က မိုင်းကွင်းနေရာ ရောက်ရှိလာတဲ့ အလယ်စစ်ကြောင်း တပ်မံမိုင်းဆွဲခံပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းရှင်းလင်းရေး အဖွဲ့ကသက်သက်ရှိတာ ရှင်းလင်းတဲ့အဖွဲ့က ကျနော်တို့ ထောင်ထားတဲ့ မိုင်းဆွဲကြိုးကိုဆွဲလိုက်တာ၊ အဲ့အချိန်မှာသူတို့ စစ်ကြောင်းထိုးတဲ့နေရာနဲ့ ကျနော်တို့ မိုင်းနဲ့ကွက်တိဖြစ်တော့ အဲ့မှာတခါ သူတို့တခါထပ်ကြွတာ” လို့ Farmers Revolution Force သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို  Farmers Revolution Force တပ်ရင်းနဲ့ (MRA) စစ်ကိုင်းခရိုင်တပ်ရင်း ၅ မဟာမိတ်ညီ နောင်နှစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေအား ဖမ်းဆီးသွားပြီး အနီးဝန်းကျင်ကိုလည်း သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၆ ရက်နေ့ နေ့လယ်ကလည်း နတ်ရေကန်ကျေးရွာနဲ့  ဂွေးပင်တောကျေးရွာကြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ၇ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်သတင်းပြန်ကြားရေးက ဩဂုတ် ၇ ရက်နေ့ညက ထုတ်ပြန်ပါတယ်။

“ချောင်းဦးကနေ ထွက်လာတဲ့ စခ ၂၀ ကျော်ပါတဲ့ဟာက မိုင်းရှာတာ။ အောက်ကဆင်းလျှောက်တာပေါ့၊ ကားရောပါတယ်၊ နတ်ရေကန်နဲ့ဂွေးပင်တောကြားမှာ ပဒေသာမိုင်း ၇ လုံးခွဲလိုက်တာပေါ့။ ၆ ကောင်လမ်းလယ်ခေါင်မှာ တခါတည်းသေသွားတာပေါ့၊ ကျန်တာတော့ဒဏ်ရာရတာပေါ့နော ခွဲတာတော့ ပဒေသာမိုင်းနဲ့ခွဲလိုက်တာပေါ့” လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်သ တင်းပြန်ကြားရေးက သတင်းပြန်ကားရေးတာဝ ခံ ဗိုလ်တောက်ထွန်းက ပြောပါတယ်။

ဩဂုတ် ၆ ရက်နေ့မှာ စစ်ကောင်စီမိုင်းရှင်းလင်းရေးအဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းအလုံး ၆၀ လောက်ကို ရှင်းလင်းခဲ့ကြပြီး တန်ဖိုးငွေကျပ် သိန်း ၈၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့  ဆိုပါတယ်။

“သူတို့ကရှာတော့ ရှာနေကြတာပေါ့နော၊ ရှာနေတာကို ကျနော်တို့က ရှေ့မိုင်းတွေကို အဖြုတ်ခံရပြီးပြီ အသက်မသွင်းတဲ့ မိုင်းတွေအဖြုတ်ခံရတာပေါ့။ သူတို့အဲ့နားလေးရောက် တော့ကျ အသက်သွင်းပြီးသားမိုင်းကိုခွဲလိုက်တာပေါ့။ ခွဲပြီးနောက် သူတို့အင်အားတွေ ရောက်လာပြီး ကျန်တဲ့နေရာတွေပါ အကုန်လုံး သူတို့ပတ်ရှာကြတာ” လို့ ဗိုလ်တောက်ထွန်းကပြောပါတယ်။

မိုင်းရှင်းလင်းခံရတာကြောင့် မိုင်းထုတ်လုပ်ဖို့ ရန်ပုံငွေအား အခက်အခဲရှိလာပြီး ပါဝင်လှူဒါန်းပေးဖို့လည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေးက ပြည်သူတွေကို အကူအညီတောင်းခံထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်များဖြစ်ကြတဲ့ ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ T.G.R woman drone force၊ လျှက်တပြက်စွန်ညို၊ CRA တပ်ခွဲ ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013