Home
မြန်မာသတင်း
တာချီလိတ်တွင် ရေကြီးနေ
DVB
·
August 8, 2022
298536549_425394002952999_4282683528315012750_n
298342333_425394552952944_1121832281092635647_n
298195302_425394282952971_390710822554322814_n
298194464_425393939619672_4535025073894440352_n
298070453_425394472952952_5278225655711807025_n
297119243_1440411196402477_4997199749129439985_n
297048901_1440411109735819_570531669231680161_n

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့မှာ ဒီကနေ့ ဩဂုတ် ၈ ရက်က  မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ 

မနေ့ ည ၁၁ နာရီကျော်လောက်က မိုးသည်းထန်စွာရွာသွန်းပြီး ဒီကနေ့မနက် အိမ်ဝင်းထဲမှာရေတွေပြည့်နေတာလို့ ဆန်ဆိုင်း (က) ရပ်ကွက်နေ ပြည်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ရေက ဘယ်ချိန်ကတည်းက တက်နေလဲမသိဘူး။ ကျမတို့ ဒီကနေ့မနက် ၅ နာရီ အိပ်ရာကနိုးတော့ အိမ်ဝင်းထဲမှာ ရေတွေပြည့်နေပြီ။ ရေက ဒူးခေါင်းကျော် ပေါင်ရင်းထိ တက်လာပါတယ်ရှင့်၊ ဘယ်မှသွားလို့မရတော့ဘူး၊ မီးတွေလည်းပျက်နေတယ်၊ အခု (မနက် ၁၀ နာရီကျော်) တော့ ရေနည်းနည်းချင်း ပြန်ကျနေပါတယ်။”

ရေဝင်တဲ့ အိမ်ခြေဘယ်နှလုံးရှိလဲတော့ မသိရပေမယ့် သူတို့လမ်းထဲမှာတော့ အိမ်ခြေ ၁၀ ကျော်ရေဝင်နေကြောင်း၊ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

ဆန်ဆိုင်း ( က ) ရပ်ကွက်ဟာ မယ်ဆိုင်ချောင်းဘေးမှာရှိပြီး မယ်ဆိုင်ချောင်းရေလျှံရင် ရပ်ကွက်ထဲ အမြဲလိုရေဝင်ကြောင်း၊ အလားတူ မယ်ဆိုင်ချောင်းဘေးမှာရှိတဲ့ မဲခေါင်ရပ်ကွက်၊ တာလော့ရပ်ကွက်တွေလည်း ရေကြီးနေတယ်လို့ တာချီလိတ်ဒေသခံက ပြောသွားပါတယ်။ 

တာချီလိတ်မြို့နဲ့ မျက်နှာချင်းဆိုင်  မယ်ဆိုင်မြို့မှာလည်း မယ်ဆိုင်ချောင်း ဘေးရှိ နေအိမ်အချို့နဲ့  ပုံဖာရပ်ကွက်ထဲမှာလည်း ရေကြီးနေတယ်လို့ မယ်ဆိုင်ဒေ သတွင်း သတင်းမှာ ဖော်ပြပါတယ် ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024