DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း လူမှုကွန်ရက်၌ ဝေဖန်ရေးသားမှုကြောင့် ၂,၀၀၀ ကျော် ဖမ်းဆီးခံရ 
DVB
·
September 24, 2026
Photo: Data for Myanmar
Photo: Data for Myanmar
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ဝေဖန်ရေးသားမှုတွေကြောင့် ဖမ်းဆီးအရေးယူခံရသူ ၂,၀၂၉ ယောက်ရှိပြီး ရန်ကုန်တိုင်းက အများဆုံးဖြစ်တယ်လို့ Date for Myanmar ရဲ့ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

သူတို့မှတ်တမ်းအရ ဖမ်းဆီးခံရသူ အများစုကတော့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် သဘောထား ဖော်ပြခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများကို အားပေးထောက်ခံတဲ့ မှတ်ချက်များ ရေးသားမှုနဲ့ ဖြန့်ဝေတာကြောင့်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရမှုဖြစ်စဉ်ကို ကြည့်ရင် Facebook အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုက အများဆုံး ဖြစ်ပြီး TikTok၊ Viber နဲ့ တခြား အွန်လိုင်းပလက်ဖောင်းတွေမှာ ရေးသားဖော်ပြမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရတာလည်း ပါဝင်တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ ဒေသအလိုက်ကြည့်ရင် ရန်ကုန်တိုင်းက ၅၀၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၄၆၅ ယောက်၊ ပဲခူးတိုင်းက ၂၇၁ ယောက်၊ စစ်ကိုင်းတိုင်းက ၁၂၆ ယောက်၊ မကွေးတိုင်းက ၁၂၃ ယောက်၊ မွန်ပြည်နယ်က ၁၁၅ ယောက်၊ ရှမ်းပြည်နယ်က ၉၆ ယောက်၊ တနင်္သာရီတိုင်းက အယောက် ၈၀၊ နေပြည်တော်က ၇၉‌ ယောက်၊ ကချင်ပြည်နယ်က ၇၅ ယောက်၊ ကယားပြည်နယ်က ၃၅ ယောက်၊ ကရင်ပြည်နယ်က ၃၂ ယောက်၊ ရခိုင်ပြည်နယ်က အယောက် ၂၀ နဲ့ ချင်းပြည်နယ်က ၅ ယောက် ဖမ်းဆီးအရေးယူခံရတာပါ။

ဖမ်းဆီးခံရမှုတွေဟာ မြို့နယ်ပေါင်း ၂၂၇ မြို့နယ်မှာ ဖြစ်ပွားပြီး အမျိုးသား ၁,၃၁၅ ယောက်နဲ့ အမျိုးသမီး ၇၁၄ ယောက် ဖမ်းဆီးခံရတယ်လို့ Data for Myanmar က မှတ်တမ်းတင်ထားပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ဖြစ်စဉ်တချို့မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ မှတ်ချက်များ၊ ဗီဒီယိုများနဲ့ အွန်လိုင်းပေါ်မှာ ပြန်လည်မျှဝေတဲ့ အကြောင်းအရာတွေကြောင့် ဖမ်းဆီးအရေးယူခံရတာကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်အာဏာရှင်ဘက်က အွန်လိုင်းပေါ်မှာ ရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က၊ ၅၀၅-က နဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေတို့ အပါအဝင် သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေတွေကို အသုံးပြု အရေးယူတာ ဖြစ်ပါတယ်။

Data for Myanmar ရဲ့ အစီရင်ခံစာဟာ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ မှတ်တမ်းတင် ရရှိထားတဲ့ ဖြစ်စဉ်တွေကို အခြေခံထားတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013