DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဥ်၌ ရုန်းကန်ခဲ့ရသည့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို (ဓာတ်ပုံ)
DVB
·
June 18, 2026
ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဥ်၌ ရုန်းကန်ခဲ့ရသည့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို (ဓာတ်ပုံ)
1 / 7
Photo: Reuters
Donate to DVB

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဒီအာရ် ကွန်ဂိုနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရတာပါ။

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ၊ နော်ဝေတိုက်စစ်မှူး ဟာလန်းနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့  သက်ဆိုင်ရာ ပြိုင်ဘက်အသင်းတွေကို ဂိုးတွေသွင်းပြီး ခြေစွမ်းပြခဲ့ပြီးနောက် အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒို ကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရတာပါ။

ပွဲအစ ၆ မိနစ်မှာ ဂျာအိုနေးဗက်စ်က ပေါ်တူဂီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ပထမပိုင်း မပြီးခင်မှာပဲ ဒီအာရ်ကွန်ဂိုအတွက် ဝစ်ဆာက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ ဂိုးသွင်းခွင့် ၂ ကြိမ် ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

နည်းပြ ရော်ဘာတိုမာတီနက်ဇ်ဟာလည်း ရော်နယ်ဒိုကို လူစားမလဲဘဲ ပွဲအပြည့် ကစားစေခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။

ဘီဘီစီရဲ့ ဘောလုံးဝေဖန် သုံးသပ်သူ ခရစ်ဆပ်တန်ကတော့ နည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို လူစားလဲဖို့ ကြောက်နေတာဖြစ်ပြီး သူ့အတွက် ဒီပွဲက ပြီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၆ မိနစ်မှာတင် ဂျာအိုနေးဗက်စ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒီနေ့ပွဲမှာ အခွင့်အရေး ၂ ကြိမ် လွဲချော်ခဲ့ပြီးနောက်  အဓိကပြိုင်ပွဲကြီးတွေမှာ ဂိုးပေါက်ပျောက်နေတာ ၁၀ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခံစစ်မာကျောတဲ့ ကွန်ဂိုအသင်းအတွက် ချေပဂိုးကိုတော့ နယူးကာဆယ်ကစားသမား ဝစ်ဆာက သွင်းယူပေးခဲ့တာပါ။

ဒါဟာ ဇိုင်ယာ အမည်နဲ့ ၁၉၇၄ ခုနှစ်က ဝင်ပြိုင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်လာတဲ့ ဒီအာရ်ကွန်ဂိုအသင်းအတွက် သမိုင်းဝင် ကမ္ဘာ့ဖလားသွင်းဂိုးနဲ့ တန်ဖိုးရှိတဲ့ ရမှတ် ၁ မှတ် ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013