DVB Logo
Home
မြန်မာသတင်း
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မိဘမဲ့ကျောင်းများအတွက် တယ်လီနောအမည်ပြောင်း အက်တမ် (ATOM)က လှူဒါန်း
DVB
·
August 6, 2022
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မိဘမဲ့ကျောင်းများအတွက် တယ်လီနောအမည်ပြောင်း အက်တမ် (ATOM)က လှူဒါန်း
Donate to DVB

နိုင်ငံတဝန်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ မိဘမဲ့ကျောင်းတွေအတွက် ကျပ် သန်း ၁၀၀၀ ကို စတင်လှူဒါန်း ထောက်ပံ့နေပြီလို့ တယ်လီနောကို ဝယ်ယူအမည်ပြောင်းလိုက်တဲ့ အက်တမ် (ATOM) က ထုတ်ပြန်ပါတယ်။

အက်တမ် (ATOM) ဟာ ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှု တာဝန်ခံမှုရန်ပုံငွေအဖြစ် ကျပ် သန်း ၃၀၀၀ သတ်မှတ်ထားပြီး ဒီထဲက ကျပ်သန်း ၁၀၀၀ ကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ မိဘမဲ့ကျောင်းတွေအတွက် လိုအပ်နေတဲ့ အရည်အသွေးပြည့်ဝတဲ့ အထောက်အကူပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို ပံ့ပိုးဖို့ စတင်နေပြီလို့ ထုတ်ပြန်လိုက်တာပါ။

ဒီအကူအညီက ကလေးတွေနဲ့ လူငယ်လူရွယ် ၅၀၀၀ ကျော်အတွက် အကျိုးရှိနိုင်မယ်လို့ သူတို့ကဆိုပြီး မေ ၅ ရက်နေ့ကတော့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်က YGW ပရဟိတ မိဘမဲ့ကျောင်းမှာ ခန်းမဆောင်တခု ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

YGW ပရဟိတမိဘမဲ့ကျောင်း ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒက “ဦးဇင်းတို့ဆီမှာ စောင့်ရှောက်ထားတဲ့ ကလေးလူငယ်ပေါင်း ၅၀၀ ကျော်အတွက် ဒီမဏ္ဍပ်အသစ်ရရှိတဲ့အခါ ကလေးတွေနေ့စဉ် လှုပ်ရှားမှု ပြုရာမှာ အလွန်အသုံးဝင်မှာဖြစ်လို့ ကလေးတွေလည်း ပျော်ကြမှာပါ။ သူတို့ရဲ့ အနာဂတ် အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ခွန်အားတခုဖြစ်စေမယ်လို့လည်း ဦးဇင်းတို့ ယုံကြည်ပါတယ်။ ခက်ခဲတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ဒီလိုအလှူရှင်အဖွဲ့အစည်းနဲ့ ဆုံဆည်းခွင့်ရလို့ ဦးဇင်းတို့က အလွန်ဝမ်းမြောက်ရပါတယ်” လို့ ပြောပါတယ်။

သန်လျင်မြို့ ပုဂံတောင်ကျေးရွာက ဓမ္မိကရာမ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက်လည်း လာမယ့်ရက်ပိုင်းမှာ စာသင်ကျောင်းဆောင်တခု ဆောက်လုပ်ပေးမယ်လို့ အက်တမ် (ATOM) က ထုတ်ပြန်ထားပါတယ်။

အက်တမ် (ATOM) ဟာ ၂၀၂၃ နှစ်ကုန်အထိ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ စီမံကိန်းတွေအတွက် မြန်မာကျပ်ငွေ သန်း ၃၀၀၀ လျာထားပြီး မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့ လူမှုဘဝတွေဖန်တီးပေးမယ်လို့ ကတိကဝတ်ပြုကြောင်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ATOM ရဲ့ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးဝင်းပိုင်ကျော်က “ကျနော်တို့က လူ့အခွင့်အရေးဆိုင်ရာ အကဲဖြတ်ခြင်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာမှာ မှတ်ကျောက်တင် မှတ်တမ်းများ ရရှိထားတဲ့ အတိုင်ပင်ခံကုမ္ပဏီတခုနဲ့အနီးကပ်တိုင်ပင်လုပ်ဆောင်လျက်ရှိပါတယ်။ အတိုင်ပင်ခံကုမ္ပဏီက ဝန်ထမ်းများနဲ့ သုံးစွဲသူတွေအတွက် လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်များနဲ့ အညီ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စီပွားရေး လုပ်ငန်းတခုအဖြစ် ဆက်လက်ရပ်တည်ဖို့ ဆိုတဲ့ အက်တမ် (ATOM) ရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကြံပေး လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေ ဆက်သွယ်ပြောဆိုတာတွေကို ကြားဖြတ်နားထောင်မှတ်တမ်းတင်နိုင်မယ့် စက်ပစ္စည်းတွေတပ်ဆင်ဖို့ မိုင်ဘိုင်းလ် ဆက်သွယ်ရေးကုမ္ပဏီတွေကို အာဏာသိမ်းစစ်တပ်က စေခိုင်းပြီးနောက်ပိုင်းမှာ ဒီလုပ်ရပ်ကြောင့် စီးပွားရေးပိတ်ဆို့ခံရတာကနေ ရှောင်ရှားနိုင်ဖို့ တယ်လီနောကုမ္ပဏီဟာ မြန်မာပြည်တွင်းက လုပ်ငန်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီကို ရောင်းချခဲ့ပါတယ်။

ဒီရောင်းချလွှဲပြောင်းမှုကို နိုင်ငံတကာအပါအဝင် အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြပြီး အခုလည်း ပြည်တွင်းမှာကျန်နေသေးတဲ့ လွတ်လပ်တဲ့ အော်ပရေတာတခုဖြစ်တဲ့ အော်ရီဒူးဟာလည်း သူ့လုပ်ငန်းတွေကို ရောင်းချဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013