DVB Logo
Home
မြန်မာသတင်း
ထီးချိုင့် မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 6, 2022
ထီးချိုင့် မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နေရာ ၂ နေရာမှာ ဩဂုတ် ၅ ရက်က စစ်ကောင်စီတပ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၂ ကြိမ် ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၂ ယောက်နဲ့ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့  Tigyaing Revolution- TR က သိရပါတယ်။

ဩဂုတ် ၅ ရက် ၁၁ နာရီခွဲလောက်က စစ်ကြောင်းထွက်ရာကနေ ထီးချိုင်ဘောလုံးကွင်းထဲ ပြန်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ယောက် ထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့   Tigyaing Revolution- TR သတင်းပြန်ကြာရေးတာဝန်ခံက ပြောပါတယ်။

ထီးချိုင့်ဘောလုံးကွင်းဟာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းပြန်လာတဲ့အခါ စခန်းချရာနေရာ ဖြစ်တယ်လို့ သိရပါတယ်။

Tigyaing Revolution- TR သတင်းပြန်ကြာရေးတာဝန်ခံက  “ဘောလုံးကွင်းမှာ အမြဲတမ်း စခန်းချတာပေါ့။ စစ်ကြောင်းထွက်ပြီဆိုရင် စစ်ကြောင်းထွက်လိုက်၊ စစ်ကြောင်း ပြန်လာရင် အဲဒီမှာနေလိုက် လုပ်တာပေါ့။ စစ်ကြောင်းပြန်ဝင်လာတာ  ၇၅  ကောင် ပေါ့။ အဲဒီ ၇၅ ကောင်ကို မိုင်းဆွဲတာ” လို့ ပြောပါတယ်။

မိုင်းခွဲ တိုက်ခိုက်ခံပြီးနောက် စစ်ကောင်စီတပ်က   ပစ်ခတ်တာကြောင့် ဆိုက်ကားဆရာ တယောက် နဲ့ လမ်းသွားလမ်းလာ ၂ ယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သလို မြို့မတောင်ပေါ်ရဲစခန်းကလည်း ပစ်ခတ်တာကြောင့်  ရွာသစ်ကုန်းရပ်ကွက်က အိမ်တချို့ ကျည်ထိမှန်ခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ပေါ် စစ်ဆေးရေးတင်းကြပ်ကာ စစ်ဆေးနေတာကြောင့် ထီးချိုင့်မြို့ပေါ် တစ်ခုလုံး ခြောက်ကပ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ်လောက်က ကက္ကုလမ်းဆုံကနေ ကား ၁ စီး၊ဆိုင်ကယ် ၂ စီးနဲ့ မြတောင်ရွာဘက် ပြန်လာတဲ့ စစ်တပ်နဲ့ရဲကို မိုင်း ၂လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်စီးလာတဲ့ ရဲ ၂ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့  Tigyaing Revolution_ TRက သြဂုတ် ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မိုင်းခွဲတဲ့ ဖြစ်စဉ် ၂ ခုလုံးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ အထိအခိုက် မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013