DVB Logo
Home
မြန်မာသတင်း
မြဝတီခရိုင်တွင် စစ်ကောင်စီက နယ်ကျော်ဝင်ရောက်ရန် ကြိုးစားလာသဖြင့် တိုက်ပွဲပြင်းထန်
DVB
·
August 5, 2022
မြဝတီခရိုင်တွင် စစ်ကောင်စီက နယ်ကျော်ဝင်ရောက်ရန် ကြိုးစားလာသဖြင့် တိုက်ပွဲပြင်းထန်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီးမှာ  ဩဂုတ်လ ၅ ရက် မနက် ၈ နာရီကျော်လောက်ကစတင်ပြီး စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ပြီး နယ်မြေကျော်ဝင်ရောက်ဖို့ ကြိုးစားလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့တနေ့တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်များပြားပြီး  ညနေ ၄ နာရီလောက်က ပြန်လည်ဆုတ်ခွာသွားခဲ့ရာ စစ်မြေပြင်သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဘက်က အနည်းဆုံးတပ်သား ၁ ဦး သေဆုံးပြီး ၄ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့‌သလို ကော်ဘရာစစ်သည် ၂ ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂ ရက် မနက်ပိုင်းက မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီးမှာ  စစ်ကောင်စီရဲ့  တပ်မ ၄၄၊ နဗဟ ၄၄၁ လက်အောက်ခံတပ်တွေ၊ လက်ရုံးတပ်ဖွဲ့တွေက ထိုးစစ်ဆင်ဝင်ရောက် လာတဲ့အတွက် ကော်ဘရာစစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ မှော်ဘီလေတပ်က Yak 130 လေယာဉ်နဲ့ ညနေ ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါလေကြောင်းပစ်ခတ်မှုအတွင်း ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ  ဘေးကင်းလုံခြုံခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူမျ ားပြားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် အရေအတွက်စာရင်းကို အတည်မပြုနိုင်သေးပေမယ့် ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်၂ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဩဂုတ် ၁ ရက် မနက် ၉ နာရီလောက်က စတင်ပြီး ညအချိန်ထိ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး ဆုတ်ခွာခဲ့ရသလို သေဆုံး၊ ထိခိုက်ဒဏ်ရာရစာရင်း အတိအကျ အတည်ပြုနိုင်ဖို့ စိစစ်ဆဲဖြစ်ပြီး ကော်ဘရာစစ်ကြောင်းဘက်က တစုံတရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီးနဲ့ ဆက်စပ်နေရာတွေကို  ဇူလိုင်လ ၇ ရက်ကစတင်ပြီး စစ်ကြောင်းအလိုက် နယ်မြေကျော်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် ကော်ဘရာစစ်ကြောင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့အတွက် နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013