DVB Logo
Home
မြန်မာသတင်း
ကရင်လက်နက်ကိုင်တပ်များ ပြန်ပေါင်းစည်းရေး KNU နှင့် DKBA ထိပ်ပိုင်းခေါင်းဆောင်တို့ ဆွေးနွေး
DVB
·
August 5, 2022
ကရင်လက်နက်ကိုင်တပ်များ ပြန်ပေါင်းစည်းရေး KNU နှင့် DKBA ထိပ်ပိုင်းခေါင်းဆောင်တို့ ဆွေးနွေး
Donate to DVB

KNU နဲ့ DKBA က ထိပ်ပိုင်းခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ တွေ့ဆုံခဲ့ကြပြီး ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ ပြန်လည်ပေါင်းစည်းဖို့ အပါအဝင် လက်ရှိပေါ်ပေါက်လာတဲ့ ကော်သူးလေတပ်မတော် (KTLA) ကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ DKBA တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (DKBA) စစ်ဦးစီးချုပ်တွေ အပါအဝင် တပ်ဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရရော အနာဂတ် နိုင်ငံရေးအခင်းကျင်းအသစ်အရပါ ကရင်အမျိုးသားအလံတော်အောက်ကနေ တသွေးတသံတမိန့်တည်းဖြစ်အောင် အားလုံး တသံတည်းထွက်အောင် ကရင်အချင်းချင်း နောက်ထပ်တကြိမ် အကွဲအပြဲဖြစ်ပြီး သွေးထွက်သံယိုမှုမဖြစ်အောင် အခုလို ပေါင်းစည်းဖို့ နှုတ်အားဖြင့် သဘောတူလိုက်တာ ဖြစ်တယ်လို့ DKBA တပ်ဖွဲ့ ဗဟိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

အရင်တည်းက ကွဲပြားနေတဲ့အပေါ် ဒီလို ထပ်ကွဲတာမျိုးက ကရင်အမျိုးသားနဲ့ ကရင်တပ်မတော်အတွက် ကောင်းတဲ့ဖြစ်စဉ်မျိုးမဟုတ်ဘဲ တကယ်လို့ ကော်သူးလေတပ်မတော် ဖွဲ့စည်းချင်ရင်လည်း ကရင်တမျိုးသားလုံးကို ညီလာခံခေါ်ပြီး အဲဒီရှေ့မှောက်မှာပဲ လုပ်ဖို့ KNLA က တာဝန်ရှိသူတွေကို နားချပြရမယ်လို့ ဆိုပါတယ်။

လက်ရှိ ဒေသတွင်း ပြည်သူတွေလည်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကို ခံစားနေရတဲ့အတွက် စားဝတ်နေရေးအရ တောင်ယာလုပ်ငန်းတွေ မလုပ်နိုင်တာ၊ နေရပ်မပြန်နိုင် ဖြစ်နေတာတွေ ရှိတာကြောင့် စစ်ကောင်စီဘက်က ဒေသတွင်းမှာ ထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းပေးဖို့ DKBA က ဒေသခံပြည်သူတွေကိုယ်စား စစ်ကောင်စီကို ပြောပေးဖို့ သဘောတူထားတာ ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013