DVB Logo
Home
မြန်မာသတင်း
သထုံခရိုင်တွင် မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးယန္တရား တည်ထောင်ခွင့်မပြုဟု KNU ထုတ်ပြန်
DVB
·
August 5, 2022
သထုံခရိုင်တွင် မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးယန္တရား တည်ထောင်ခွင့်မပြုဟု  KNU  ထုတ်ပြန်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ (၁) စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ဘယ်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားဖွဲ့စည်းတည်ထောင်တာ ခွင့်မပြုဘူးလို့ KNU သထုံခရိုင်က သြဂုတ် ၅ ရက်နေ့မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ ရဲ့ ဩဂုတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ ခရိုင်အမြဲတမ်းကော်မတီ အစည်းအဝေးအပြီး အချက် ၃ ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီသဘောထား ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့အစည်းမှ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ စည်းရုံးဖွဲ့စည်းတာတွေ ခွင့်မပြုဘူးလို့ KNU သထုံခရိုင် တပ်မဟာ (၁) ခရိုင်အမြဲတမ်းကော်မတီက ဆိုထားပါတယ်။

ဘယ်အဖွဲ့အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာတွေ ဖြစ်ပေါ်စေတာ၊ နားလည်မှု ကွဲလွဲဖြစ်ပေါ်စေတာနဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံမှုကို ထိခိုက်စေတာ၊ အခွင့်အရေးဆုံးရှုံးစေတာစတဲ့ လုပ်ရပ်တွေကို စည်းရုံးဖွဲ့စည်းတာ ခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ အဖွဲ့အစည်းတချို့က KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ဖို့ ကြိုးပမ်းလာတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန်ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ ဘယ်အဖွဲ့အစည်းတွေက အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။

ဒေသခံ KNU တာဝန်ရှိသူတယောက်ကတော့  ဒီလိုထုတ်ပြန်တာဟာ ကော်သူးလေတပ်မတော် တည်ထောင်တာကနေ ကြိုတင်သတိပေးတဲ့အနေအနဲ့ ထုတ်ပြန်တာလို့ ယူဆတယ်လို့ ပြောပါတယ်။

“အဲဒီကိစ္စကို ကြိုကာတဲ့အနေနဲ့ မြင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီကော်သူလေးတပ်ဖွဲ့စည်းခြင်းမှာ PDF လည်းပါဝင်တချို့ရှိတယ်။ ဒါကြောင့် ခရိုင်အတွင်း ရပ်တည်ချက်တွေ ကွဲပြားမှုမရှိအောင် ကြိုတင်ကာထားတဲ့ သဘောလို့မြင်တယ်။”

KNU သထုံခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေမှာ ပြီးခဲ့တဲ့ မေလတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ကျဆုံးအတွက် တွန်းလှန်တိုက်ပွဲဝင်ဖို့ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။

လက်ရှိမှာတော့ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ လမ်းညွှန်မှုနဲ့ အာဏာသိမ်း စစ်ကောင်စီကို KNU အပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013