DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် လူငယ် ၄ ဦးကို စစ်ကောင်စီက အကြောင်းမဲ့သတ်ခဲ့ဟု MSRO အဖွဲ့ ထုတ်ပြန်
DVB
·
August 5, 2022
မွန်ပြည်နယ်တွင် လူငယ် ၄ ဦးကို စစ်ကောင်စီက အကြောင်းမဲ့သတ်ခဲ့ဟု MSRO အဖွဲ့ ထုတ်ပြန်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ခံ ပရဟိတသမား မင်းလင်းအောင်ကို စစ်ကောင်စီက ဇူလိုင် ၃၁ ရက်ညက အကြောင်းမဲ့ သတ်ဖြတ်ခဲ့တဲ့အပေါ် မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း (MSRO) က မိသားစုနဲ့အတူ ဝမ်းနည်းကြောင်း သြဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကူညီ လှုပ်ရှားနေကြတဲ့သူတွေ အပါအဝင် မွန်လူငယ် ၄ ဦးလောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တာ ခံထားရတယ်လို့ ဆိုပါတယ်။

ရေးချောင်းဖျားဒေသ ပစ်ခတ်မှုဖြစ်စဉ်မှာ ရေးမြို့နယ် ပရဟိတသမား မွန်လူငယ် ကိုအောင်ခန့်ဟိန်း အပါအဝင် ခေါဇာမြို့က မွန်လူငယ် ၁ ဦး၊ မုဒုံမြို့က မွန်လူငယ် ၁ ဦး၊ ချောင်းတောင်ကျေးရွာက စိတ်ကျန်းမာ‌ရေးမကောင်းသူ မွန်လူငယ် ၁ ဦး၊ စုစုပေါင်း ၄ ဦး စစ်ကောင်စီသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီက မွန်လူငယ်တွေ အပါအဝင် တိုင်းရင်းသား ညီအစ်ကိုတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိဘဲ ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်အကျိုး၊ မွန်လူထုအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြတ်သားစွာ တော်လှန်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013