DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့နယ် တော်လှန်ရေးအဖွဲ့ ဆက်သွယ်ရေးအတွက် အခက်အခဲဖြစ်နေ
DVB
·
August 4, 2022
ပင်လည်ဘူးမြို့နယ် တော်လှန်ရေးအဖွဲ့ ဆက်သွယ်ရေးအတွက် အခက်အခဲဖြစ်နေ
Donate to DVB

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် တော်လှန်ရေး Pinlebu Revolution-PR အဖွဲ့မှာ သတင်းစီးဆင်းမှုနဲ့ တိုက်ပွဲ စစ်ရေးသတင်းအတွက် ဆက်သွယ်ရေး အခက်အခဲဖြစ်နေပြီး စကားပြောစက် အနည်းဆုံး ၅၀ လောက် လိုအပ်နေတယ်လို့ ပင်လည်ဘူးမြို့နယ် တော်လှန်ရေးအင်အားစုက ပြောပါတယ်။

“ဖြစ်နိုင်ရင်တော့ စကားပြောစက်အလုံး ၅၀ အနည်းဆုံး လိုအပ်ပါတယ်။ ရဲဘော်များရဲ့ ဆက်သွယ်ရေးပစ္စည်းခက်ခဲမှုက ပစ္စည်းအဟောင်းတွေရှာပြီး ၂ လုံးကို ၁ လုံး၊ ၃ လုံးကို ၁ လုံး ပေါင်းကာ ပြုပြင်ပြီး အသုံးပြုနေကြရတာပါ။ တိုက်ပွဲမှာ အောင်နိုင်ဖို့ဟာ ရန်သူ့ထက် ခြေတလှမ်းသာဖို့ လိုပါတယ်။ ရန်သူ့ထက်ခြေတလှမ်းသာဖို့ကလည်း သတင်းဆက်သွယ်ထောက်လှမ်းရေးက အဓိကကျပါတယ်။ သတင်းဆက်သွယ်ရေးအတွက်ကတော့ ဆက်သွယ်ရေးပစ္စည်းမရှိရင်၊ မကောင်းရင် မလွယ်ကူပါဘူး။ ဒါကြောင့်မို့ ကူညီလိုပါက ကျနော်တို့ PR ကို ကူညီနိုင်ပါတယ်ခင်ဗျာ” လို့ PR အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်တပ်က မတရားအာဏာသိမ်းချိန်ကစပြီး တော်လှန်ရေးကာလအတွင်း ကိုယ့်အားကိုယ်ကိုး လက်နက်ရိက္ခာနဲ့ တိုက်ပွဲဝင်ခဲ့ပြီး ပင်လည်ဘူးတမြို့လုံးလည်း စစ်ဘေးသင့်ကာ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ‌တဦးက ဒီဗွီဘီကို ပြောပါတယ်။

ပင်လည်ဘူးမြို့နယ်မှာ ဖုန်းလိုင်း အင်တာနက်တွေ ဖြတ်တောက်ထားပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ကျေးရွာတွေကိုမီးရှို့တာနဲ့ နေအိမ်တွေထဲက တန်ဖိုးရှိ ပစ္စည်းတွေနဲ့ ရွှေငွေ စားသောက်ကုန်တွေ ခိုးဝှက်လုယူကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013